
Ghost Book (Yokaipedia) 2022 အညွှန်း ဒီတစ်ခေါက်တင်ဆက်ပေးမဲ့ ဂျပန်ကားလေးကတော့ Space Baltteship Yamato, Parasyte Part 1-2 , Godzilla Minus One တို့ရဲ့ဒါရိုက်တာ Takashi Yamazaki က ရိုက်ကူးပေးထားပြီး ၂၀၂၂ ခုနှစ်က ထွက်ရှိထားတဲ့ visual effects ကောင်းကောင်းလေးတစ်ကားဖြစ်တဲ့ Ghost Book ခေါ် Yokaipedia ကို မိတ်ဆက်ပေးချင်ပါတယ်။ ဂျပန် anime လောကနဲ့ မစိမ်းတဲ့သူတိုင်း Yokai ဆိုတာကို သိကြမှာပါ။ မမြင်အပ်သော နတ်ဆိုး၊ တစ္ဆေ၊သရဲတွေကို တမျိုးခေါ်ခြင်းဖြစ်ပြီး ဂျပန်မှာတော့ ကိုးကွယ်ကြတဲ့သူတွေလည်း ရှိပါတယ်။ ဒီကားလေးထဲမှာတော့ ကောင်လေးသုံးယောက်က နတ်နန်းတစ်ခုမှာ လိုချင်တဲ့ဆန္ဒကို အသီးသီးတောင်းဆိုခဲ့ပါတယ်။ အဲဒါကို ကြားသွားခဲ့တဲ့ နတ်မင်းက အဲကလေးတွေဆီကို သူ့တပည့်ကိုလွှတ်လိုက်ပြီး Yokaipedia လို့ခေါ်တဲ့ သရဲစာအုပ်ကို ရှာခိုင်းပြီး အဲစာအုပ်ထဲကစိန်ခေါ်မှုကို အောင်မြင်မှ ဆုတောင်းကို ဖြည့်ပေးမယ်ဆိုပြီး ပြောခဲ့ပါတယ်။ အသက်အန္တရာယ်များတာကို မမှုပဲ ကောင်လေးသုံးယောက် ရဲရဲဝံ့ဝံ့ပဲ ခေါင်းညိတ်ခဲ့ပါတယ်။ အဲဒီအချိန်မှာ ကျောင်းကိုရောက်လာတဲ့ အစားထိုးဆရာမ ဟာကာမာယိုကိုဆိုတဲ့ ကောင်မလေးကလည်း သူတို့ကလေးတွေကြားထဲ ဝင်ပါလာတဲ့အခါ……ဘယ်လိုတွေဆက်ဖြစ်ကြမလဲ။ ကောင်လေးသုံးယောက်ကရော သူတို့ဆုတောင်းတွေပြည့်ပါ့မလား။ ဆရာမကရော လူကြီးအနေနဲ့ ကလေးတွေကြားမှာ အဆင်ပြေမလား။ သရဲကြီးတွေကို နိမ်နင်းနိုင်ပါ့မလားဆိုတာ ဇာတ်လမ်းထဲမှာ ကိုယ့်ဘေလ်နဲ့ကိုယ် ဒေါင်းကြည့်လိုက်ရအောင်နော်။ (Godzilla minus one, Parasyte နဲ့ Space battleship Yamato တို့ရဲ့ Visual effects director ဆိုတော့ Monster တွေရဲ့ CGI တွေကတော့ ရှယ်ပဲဆိုတာ အာမခံပါကြောင်း) အညျွန်း နဲ့ ဘာသာပြန်ကတော့ Kaung Set ပဲ ဖြစ်ပါတယ်။ Genre….. Fantasy Quality…. 1080p | 720p File size… 1.8GB | 904MB Format… mp4 Duration…. 1h 52min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Kaung Set Encoder ….. Aaron