
Get Fast (2024) IMDb Rating (3.5) ဇာတ်လမ်းအစမှာတော့ လူနှစ်ယောက်က လူနှစ်ယောက်ဆီကနေ ဓားပြတိုက်ကြရာကနေစပါတယ်။ ဒီဇာတ်လမ်းထဲက မင်းသားကတော့ သူခိုးပါ။ Vic လို့ခေါ်တဲ့သူ့ရဲ့အဖော် အဘိုးကြီးတစ်ယောက်လည်းပါပါတယ်။ ဓားပြတိုက်ကြရင်း သူနဲ့သူ့အဖော်တို့က ကွဲပြီး သူကပိုက်ဆံရလိုက်ပေမယ့် အဘိုးကြီးကတော့အဖမ်းခံလိုက်ရပါတယ်။ တစ်ဖက်မှာလည်း အကျင့်ပျက်ရဲနှစ်ယောက်က ဒီပိုက်ဆံကိုလိုချင်တာကြောင့် နည်းအမျိုးမျိုးနဲ့လိုက်ဖမ်းပါတော့တယ်။ တခြားတစ်ဖက်မှာလည်း သူတို့ပိုက်ဆံလုလာတဲ့လူနှစ်ယောက်ရဲ့ အလုပ်ရှင် သူဌေးမက သူ့ရဲ့ပိုက်ဆံတွေကိုပြန်လိုချင်နေပါတယ်။ Vic ကသူ့လက်ထဲမှာအဖမ်းခံထားရတဲ့အပြင် ကံဆိုးချင်တော့ မင်းသားသတ်လိုက်တဲ့သူက သူ့ရဲ့မောင်ဖြစ်သူဖြစ်နေပါတယ်။ ဒါ့အပြင် သူ့ဆီမှာအလုပ်လုပ်တဲ့ ကောင်းဘွိုင်ကြီးလည်းရှိပါသေးတယ်။ မင်းသားအနေနဲ့ ထွက်ပြေးနေတုန်း ဘာမဆိုင်ညာမဆိုင်နဲ့ ကောင်လေးတစ်ယောက်ကို ဆွဲထည့်မိသလိုဖြစ်ပြီး ကောင်လေးကိုပါကာကွယ်ရပါတော့တယ်။ ဆိုတော့ မင်းသားနဲ့ ကောင်လေးကတစ်ဖက်၊ ရဲနှစ်ယောက်က တစ်ဖက်၊ သူဌေးမနဲ့ကောင်းဘွိုင်ကတစ်ဖက်… မင်းသားကလည်း Vic ကိုကယ်ချင်တယ်။ ရဲတွေကလည်း ပိုက်ဆံကိုလိုချင်တယ်။ သူဌေးမကလည်း လက်စားချေချင်တယ်။ ဒီကနေမှ သုံးပွင့်ဆိုင်ဇာတ်လမ်းဘယ်လိုဖြစ်မလဲဆိုတာကိုတော့ ဇာတ်လမ်းလေးထဲမှာပဲဆက်လက်ရှု့စားလိုက်ကြပါဦး။ ဒီဇာတ်လမ်းက အက်ရှင်အခန်းတွေကြီးပဲ အဆက်မပြတ်ပါတာမလို့ စကားပြောတာတွေပျင်းတယ်၊ ချတာပဲကြည့်ချင်တယ်ဆိုတဲ့သူတွေအတွက်ဇာတ်ကားကောင်း လေးတစ်ခုဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ S4L ဖြစ်ပါတယ်။) File size…(1.9 GB) / (930 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Action,Crime,Thriller Duration….01:28:43 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by S4L
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 1.9 GB | Download | |
| 1080p | 1.9 GB | Download | |
| 1080p | 1.9 GB | Download | |
| 1080p | 1.9 GB | Download | |
| 720p | 930 MB | Download | |
| 720p | 930 MB | Download | |
| 720p | 930 MB | Download | |
| 720p | 930 MB | Download | |
| 720p | 930 MB | Download | |
| 720p | 930 MB | Download |