
ဒီရုပ်ရှင်ဟာ မြင်ရတွေ့ရခဲတဲ့ ရုပ်ရှင်ပါ။ အင်မတန် ဆန်းပြားတဲ့အကြောင်းအရာတစ်ခုဖြစ်တဲ့ လူ့စိတ်ကို ရိုက်ကူးထားတဲ့ ရုပ်ရှင်တစ်ကားပါပဲ။ လင်မယားနှစ်ယောက် သင်္ဘောနဲ့ ခရီးတစ်ခုထွက်လာကြတယ်။ မိန်းမက လမ်းမှာတွေ့တဲ့ ကျွန်းလေးတစ်ကျွန်းမှာ ဆင်းချင်တယ်။ ယောက်ျားက မဆင်းချင်ဘူး။ ဒီလိုနဲ့ မိန်းမက ခိုးဆင်းသွားတယ်။ ဒါကိုယောက်ျားက ပြန်ခေါ်ဖို့ကြိုးစားတယ်။ ကျွန်းပေါ်က မိန်းမရယ်၊ လှေပေါ်က ယောက်ျားရယ်၊ စိတ်ချင်းလွန်ဆွဲကြတယ်။ ဒါကိုအတိတ်က ဖြစ်ရပ်လေးတွေနဲ့ ပေါင်းစပ်ပြီး လူ့သဘောမနောကို ထင်ဟပ်အောင်ပြထားတဲ့ရုပ်ရှင်ပါ။ ဒီရုပ်ရှင်ဟာ တော်တော်လေးကိုထူးခြားတဲ့ ရုပ်ရှင်ပါ။ ဒီလိုတော်တော်ထူးခြားတဲ့ရုပ်ရှင်မှာ တော်တော်ကောင်းတဲ့ ဇာတ်ပို့မင်းသား တစ်ယောက်ပါပါတယ်။ သူကတော့ Ed Harris ပေါ့။ လက်ရှိ Westworld ထဲ အန်တနီဟော့ပ်ကင်းအလွန်မှာ သူသရုပ်ဆောင်အကောင်းဆုံးလို့ပြောလို့ရသလို Top Gun: Maverick တို့ Apollo 13 တို့ A Beautiful Mind နဲ့ National Treasures တို့လို ရုပ်ရှင်ကောင်းတွေအများကြီးမှာ ဇာတ်ပို့သရုပ်ဆောင်ခဲ့တဲ့သူပါ။ ဇာတ်လမ်းဟာ ထူးခြားတာနဲ့အညီ လိင်ဆက်ဆံခန်းကို ကွက်ကွက်ကွင်းကွင်း စိမ်ပြေနပြေကြီး ပြသွားတာမို့ တစ်ကိုယ်တည်းကြည့်ပြီး အတွေးပွားသင့်တဲ့ ဇာတ်ကားမျိုးပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို "___" မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.5GB, 700MB Quality - 1080p, 720p Format - mp4 Duration - 1H 30Min Genre - Drama, Mystery, Thriller Subtitle - Myanmar Subtitle (Hardsub) Translated by "___" Encoded by Y
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | Download | ||
| 720p | Download |
ထုတ်လွှင့်သည့်နေ့
August 19, 2022
ကြာချိန်
1h 30m
အဆင့်သတ်မှတ်ချက်
3.0 / 10
Director
Terrence Martin, Dominique Braun