
ဒီဇတ်လမ်းလေး အကြောင်း မပြောခင် ဝတ္တုကိုရေးတဲ့ စာရေးဆရာက Stephen King ဖြစ်တယ်ဆိုတာ ကြိုပြောပါရစေ ဇတ်လမ်းက ရိုးရှင်းသလား ဆိုတော့ ရိုးရှင်းတ ဟာ Jessie တစ်ယောက် ယ် ရှုပ်ထွေးသလားဆိုတော့လဲ ရှုပ်ထွေးတယ် ပွင့်ပွင့်လင်းလင်းပြောရရင် ဘယ်သူမဆို ကြည့်လို့ နားလည်တဲ့ ရုပ်ရှင်ကား မှန်တယ် ဒါပေမယ့် သေသေချာချာ နက်နက်နဲနဲ တွေးမယ်ဆိုရင် အိမ်ထောင်ရေးနဲ့ ပတ်သက်တဲ့ ဗဟုသုတ တွေရယ် တစ်ခြား လူမှုရေး ပြသနာတွေ ရဲ့ အဖြေကို ဒီထဲမှာ ရှာတွေ့မယ်လို့ ညွှန်းဆိုပါရစေ... Movie Review ============ ဇတ်လမ်း အစမှာတော့ ခရီးထွက်ဖို့ ပြင်ဆင်နေတဲ့ ဇနီးမှောင်နံ နှစ်ယောက်ဖြစ်တဲ့ Gerald နဲ့ Jessie တို့ကို စတွေ့ရမှာဖြစ်ပါတယ် သိပ်မကြာခင်မှာပဲ Gerald နဲ့ Jessie တို့ဟာ ကားလေးနဲ့ လူတွေ နဲ့ ဝေးတဲ့ အိမ်လေး တစ်အိမ်ကို ရောက်သွားခဲ့ပါတယ် မိုင်အတော်ဝေးဝေးက မြစ်ကမ်းဘေးက အိမ်လှလှလေးပေါ့ အဲ့ဒီအိမ်ထဲမှာ Gerald နဲ့ Jessie တို့ အပြင် ဘယ်သူမှ မရှိပါဘူး Gerald ဟာ Jessie ထက် အသက်ကြီးပြီး သူတို့ အိမ်ထောင်ရေးဟာ အိပ်ရာပေါ်မှာ အဆင်မပြေဖြစ်နေတာ လပေါင်းအတော်လေး ကြာပြီး ဖြစ်တဲ့အတွက် ဒီလို အေးချမ်းတဲ့နေရာမှာ အနားယူကာ ထိုကိစ္စကို ဖြေရှင်းဖို့ အပေးအယူ လုပ်ထားကြပါတယ် Geraldလိင်မှုဆက်ဆံရေးမှာ စိတ်မဝင်စားတဲ့ အတွက် ထူးထူးဆန်းဆန်း လိင်ဆက်ဆံမှုမျိုး ပြုလုပ်ချင်ကြောင်း Jessie ကို ဖွင့်ပြောပြီး သဘောတူညီမှု ရယူထားခဲ့ပါတယ်... ဒီလိုနဲ့ သူတို့ နှစ်ဦး သဘောတူထားတဲ့ ကိစ္စ ကို အကောင်အထည်ဖော်ဖို့ စခဲ့ပါတော့တယ် Gerald ဟာ Jessie ကို (နှိပ်စက်နည်းဖြင့် လိင်ဆက်ဆံမှု) ပြုလုပ်ဖို့ ကုတင်မှာ လက်ထိပ်တွေ စခတ်လိုက်ပြီး ချစ်ရည်လူးကြဖို့ နှစ်ဦးသား စတင်တဲ့ အချိန်မှာပဲ Gerald ဟာ အလွန်ကြမ်းတမ်းတဲ့ အပြုအမှုတွေ လုပ်တာကြောင့် Jessie က ငိုပြီး မလုပ်ဖို့ တားမြစ်ပါတယ် ဒါပေမယ့် မွှန်နေတဲ့ Gerald ကတော့ ဆက်လုပ်ဖို့ တာဆူနေပြီး ဆက်လက်အကောင်အထည်ဖော်နေပါတယ် Jessie အသဲအသန် တားတာကြောင့် Gerald ရပ်လိုက်ပြီး စတင်စကားများကာ Jessie က လက်ထိပ်တွေ ဖြုတ်ပေးဖို့ အသနားခံခဲ့ပေမယ့် Gerald က မဖြုတ်ပေးပဲ သူလိုချင်တာပေးဖို့ တောင်းဆိုနေရင်း ရုတ်တရက် နှလုံးသွေးရပ်ကာ လဲကျသွားပါတယ်... Jessie ကတော့ Gerald နောက်နေတယ်ထင်ပြီး မနောက်ဖို့ ပြန်ထလာဖို့ ပြောပါတယ် ဒါပေမယ့် ရုတ်တရက် နှလုံးရပ်သွားတဲ့ Gerald ကတော့ ပြန်မထလာတော့ပါဘူး... ကုတင်တိုင်တွေမှာ လက်ထိပ်ခတ်ခံထားရပြီး လူသူကင်းဝေး တဲ့ နေရာမှာ ဘယ်သူမှ လာမကယ်နိုင်မယ့် အဖြစ်ကို ရိပ်စားမိတဲ့ Jessie တစ်ယောက် စတင် ထိတ်လန့်လာပါတော့တယ်... သူမ ဘယ်လိုလွတ်အောင် ကြံစည်နိုင်မလဲ လူသူမတွေ့နိုင်တဲ့နေရာ သက်ရှိကင်းမဲ့တဲ့နေရာမှာ သူမအတွက် ကြောက်မက်ဖွယ်ကောင်းတဲ့ အရာတွေ ရောက်ရှိလာတော့မယ်ဆိုတာ သူမ မသိသေးတဲ့အခါမှာတော့..... ဒီရုပ်ရှင်ကားကို CM Translator တစ်ဦးဖြစ်သူ Mie Mie မှ ဘာသာပြန်ပေးထားတာဖြစ်ပြီး Movie Review ကိုတော့ ကျနော် Thit San Khant မှ ရေးပေးထားပါတယ်.. Running Time : 1h 43m Format : Mp4 Genre : Horror Subtitle : Myanmar Subtitle (Hard Sub) Translated by : Mie Mie Encode by : Thit San Khant
| Provider | Resolution | File Size | |
|---|---|---|---|
| 720p | Download |