
ဒီဇာတ်ကားက ၂၀၀၈ ခုနှစ်ကထွက်ရှိခဲ့တဲ့ တောင်အာဖရိကရုပ်ရှင်ဖြစ်ပါတယ်။ ဇာတ်လမ်းအမျိုးအစားက မှုခင်းဒရာမာအမျိုးအစားဖြစ်ပြီး တောင်အာဖရိကနိုင်ငံ ဂျိုဟန်နက်စဘတ်မြို့မှာအခြေပြုထားပါတယ်။ ဒီရုပ်ရှင်ကို ဘာလင်ရုပ်ရှင်ပွဲတော်မှာ စတင်ပြသခဲ့ပြီး ဝေဖန်သူတွေနဲ့ပရိသတ်တွေ အကြိုက်တွေ့ခဲ့တဲ့ရုပ်ရှင်ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ်းကတော့ လပ်ကီးကူနီးနီက ဆိုဝီတိုမြို့လေးမှာနေထိုင်တဲ့ ဆင်းရဲသားတစ်ဦးဖြစ်ပါတယ်။ တက္ကသိုလ်တက်ဖို့ကျောင်းစရိတ်မရှိတာကြောင့် သူငယ်ချင်းဖြစ်သူ ဇိတ် နဲ့အတူ ဒုစရိုက်နယ်ပယ်ထဲကိုခြေချမိရာကနေ နယ်ကျွံပြီး ရာဇဝတ်သားလုံးလုံးဖြစ်သွားပါတယ်။ ရဲလက်ကနေတိမ်းရှောင်ရင်း ဂျိုဟန်နက်စဘတ်မြို့ကိုရောက်ရှိခဲ့ပြီး မြို့မှာရှင်သန်ဖို့ရုန်းကန်ရင်းနဲ့ နာမည်ကျော်ဂိုဏ်းခေါင်းဆောင်တစ်ဦး ဖြစ်လာပုံကိုရိုက်ကူးထားတာဖြစ်ပါတယ်။ ဇာတ်လမ်းအစမှာ လပ်ကီးကူနီးနီက ပစ်ခတ်မှုတစ်ခုမှာ ဒဏ်ရာရပြီးလဲနေချိန် ရဲတွေဖမ်းဆီးသွားတဲ့အခန်းက အစပြုထားပါတယ်။ အဲဒီနောက်မှာ သတင်းထောက်ထံမှာ သူ့ဘဝဇာတ်ကြောင်းကိုပြန်ပြောပြတဲ့ပုံစံမျိုး တင်ဆက်ထားတာ ဖြစ်ပါတယ်။ ငယ်စဥ်က ပညာထူးချွန်ပေမဲ့ ဆင်းရဲမွဲတေမှုကြောင့် ဒုစရိုက်လောကထဲရောက်ခဲ့တဲ့ လပ်ကီးတစ်ယောက် အဆုံးသတ်မှာ ရဲလက်ကလွတ်မြောက်နိုင်ပါ့မလားဆိုတာကို ကြည့်ရှုရမှာဖြစ်ပါတယ်။ ဇာတ်လမ်းက တောင်အာဖရိကမှာ Apartheid စနစ်ပြိုလဲပြီး နယ်လ်ဆင်မင်ဒဲလားတို့ အာဏာရလာတဲ့ ၁၉၉၄ နှောင်းပိုင်းမှာအခြေတည်ထားတာဖြစ်ပြီး လူဖြူ၊လူမည်း ပဋိပက္ခတွေ၊ လူမျိုးရေးခွဲခြားမှုတွေ၊ လက်နက်ကိုင်အရေးအခင်းတွေနဲ့အတူ တောင်အာဖရိကမြို့ကြီးတွေမှာ ဆင်းရဲချမ်းသာကွာဟမှု၊ မူးယစ်ဆေးနဲ့ ပြည့်တန်ဆာလုပ်ငန်းတွေကြီးစိုးနေမှုမြင်ကွင်းတွေကို ဒီရုပ်ရှင်မှာတွေ့မြင်ရမှာပါ။ အကောင်းဆုံးရုပ်ရှင်တွေထဲကတစ်ခုဖြစ်တဲ့ Slumdog Millionaire နဲ့ theme ချင်းတူပြီး အဆိုပါရုပ်ရှင်မျိုးကို ကြိုက်နှစ်သက်သူများအနေနဲ့ ဒီဇာတ်ကားကိုလည်းကြည့်ရှုသင့်ပါတယ်။ File size…(2.6 GB)/(1.3 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:53:00 Genre…Drama, Action, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Wolfenheim
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 2.6 GB | Download | |
| 1080p | 2.6 GB | Download | |
| 1080p | 2.6 GB | Download | |
| 1080p | 2.6 GB | Download | |
| 720p | 1.3 GB | Download | |
| 720p | 1.3 GB | Download | |
| 720p | 1.3 GB | Download | |
| 720p | 1.3 GB | Download | |
| 720p | 1.3 GB | Download |
ထုတ်လွှင့်သည့်နေ့
Invalid Date
ကြာချိန်
-
အဆင့်သတ်မှတ်ချက်
7.3 / 10
Director