
ယခုနှစ်မှထွက်ရှိလာတဲ့ အိန္ဒိယ အက်ရှင်/ဒရာမာ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ IMDb 9.0/10 ရရှိထားတဲ့ဇာတ်ကားတစ်ကားဖြစ်တာကြောင့် သာမန်ဇာတ်ကားတစ်ကားဆိုတာထက်ပိုတာကိုတော့ ပြောဖို့လိုမယ်မထင်ပါဘူး။ ဇာတ်လမ်းအကျဥ်းကတော့ ကာကီနာဒါဆိုတဲ့မြို့မှာ အခြေခံလူတန်းစား၊တစ်နည်းပြောရရင် ဆင်းရဲချို့တဲ့တဲ့ ကျောင်းသားတွေတက်တဲ့ကျောင်းနဲ့ လူကုံထံအသိုင်းအဝိုင်းကကျောင်းသားတွေတက်တဲ့ကျောင်းဆိုပြီးနှစ်ကျောင်းရှိပါတယ်။ ဆင်းရဲသားကျောင်းကကျောင်းသားတွေကတော့ စားဝတ်နေရေးတောင်အနိုင်နိုင်ရုန်းကန်နေရတဲ့အချိန်မှာ လူကုံထံကျောင်းကကျောင်းသားတွေကတော့ မူးယစ်ဆေးတွေအပျော်အပါးတွေနဲ့နစ်မွန်းနေခဲ့ပါတယ်။ ဒါ့အပြင်သူတို့နှစ်ကျောင်းကလည်းဘယ်တော့မှ သင့်သင့်မြတ်မြတ်မရှိပဲ ဦးသူဆော်စနစ်နဲ့ အချင်းချင်းကြုံသလိုပြသနာရှာဖို့ချောင်းပြီး အမြဲရန်ပွဲတွေဖြစ်နေကြတာပါ။ ဒီဘဝပေးအခြေနေချင်းမတူကြတဲ့လူငယ်တွေရဲ့အနာဂတ်ကရောဘယ်လိုဖြစ်လာမှာလဲ။ မပြည့်စုံတဲ့ဘဝကလူငယ်တွေကရော သူတို့ပန်းတိုင်ကိုရှာဖွေနိုင်မှာလား။ ချမ်းသာပြီး ပျက်စီးနေတဲ့လူငယ်တွေကရော လမ်းမှန်ကိုပြန်ရောက်နိုင်ပါ့မလား။ သူတို့ချင်းကြားကရန်ပွဲတွေကရော ဘယ်လိုအဆုံးသတ်သွားမှာလဲဆိုတာကိုတော့ ပရိသတ်ကိုယ်တိုင်ပဲရှုစားပေးကြပါဦး။ လူငယ်ကျောင်းသားဘဝအငွေ့အသက်တွေနဲ့ အက်ရှင်ဒရာမာဇာတ်ကားကောင်းတွေကို ကြိုက်နှစ်သက်တဲ့ပရိသတ်တွေအတွက်တော့ တကယ်ကိုလက်မလွှတ်သင့်တဲ့ဇာတ်ကားကောင်းတစ်ကားပါပဲ။ File size…2.4GB / 1.2GB / 500mb Quality…1080p WEBDL AAC 2.0CH / 720P / 480p Format…mp4 Duration….2h 37m Subtitle….Myanmar Subtitle (hard sub) Encoder….YK Translated by Poe & Haruko & Yate
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | Download | ||
| 1080p | Download | ||
| 720p | Download | ||
| 720p | Download |
ထုတ်လွှင့်သည့်နေ့
Invalid Date
ကြာချိန်
-
အဆင့်သတ်မှတ်ချက်
/ 10
Director