Preparing your cinema experience...

Gammthu(2023) ဒီတစ်ခါ CM Bollywood ပရိသတ်ကြီးအတွက် တင်ဆက်ပေးမယ့်ကားလေးကတော့ အသစ်စက်စက်ထွက်ရှိထားတဲ့ မှုခင်းကားလေးပဲဖြစ်ပါတယ်။ ဒီကားလေးမှာတော့ မင်းသားဟာ အလွန်ထူးချွန်ပြီး ဟောလိဝုဒ်ရုပ်ရှင် ‘The Perfume’ ကို စွဲလန်းသွားရာကနေ ထူးခြားတဲ့ရေမွှေးတီထွင်ဖို့ ကြိုးစားနေတဲ့ သိပ္ပံပညာရှင်လုပ်နေတဲ့လူတစ်ယောက်ပါ။ ဒီလိုနဲ့ မထင်မှတ်ပဲ မြို့ထဲက အမျိုးသမီးတွေကို ပစ်မှတ်ထားတဲ့ ကွင်းဆက်လူသတ်မှုမှာ အဓိက သံသယရှိသူအဖြစ် စွပ်စွဲခံလာရတဲ့အခါ သူ့ရဲ့ဖြူစင်မှုကို သက်သေပြဖို့ ကိုယ်တိုင်ပဲ စုံစမ်းပါတော့တယ်။ အမှုကို စုံစမ်းရင်းက တစ်ခုစီချိတ်ဆက်မိလာပြီး ထင်ထားတာထက် ပိုလေးနက်လာတဲ့အခါ တရားခံ အစစ်က ဘယ်သူလဲ၊ သူကရော ဘာလို့ အဓိက သံသယတရားခံဖြစ်လာရလဲဆိုတာကိုတော့ ပရိသတ်ကြီးပဲ ဆက်လက်ကြည့်ရှုလိုက်ပါဦးနော်။ အညွှန်းနှင့်ဘာသာပြန်ကတော့ CM Bollywood Team မှဖြစ်ပါတယ်