
IMDb-7.4/10 ~ RT-90% “ဘယ်တော့မှ အရှုံးမပေးနဲ့၊ ဘယ်တော့မှ အညံ့မခံနဲ့” ဆိုတာကတော့ “Galaxy Quest” ဆိုတဲ့ နာမည်ကြီးတီဗီရှိုးမှာ အန်အီးအက်စ်အေ ကာကွယ်သူယာဉ်ရဲ့ ကွန်မန်ဒါ ပီတာ ကွင်စီ တက်ဂါ သုံးခဲ့တဲ့လက်သုံးစကားပါ။ “Galaxy Quest” တီဗီရှိုးဟာ နာမည် ကျော်လူကြိုက်များ အောင်မြင်ခဲ့ပေမဲ့လည်း ဖျက်သိမ်းခံလိုက်ရပြီး ဒီစီးရီးနဲ့ပတ်သတ်တဲ့ Geek တွေ၊ အရူးအမူးအားပေးတဲ့ ပရိသတ်တွေက ၁၈ နှစ်ကျော်တဲ့အထိ နှစ်စဉ်နှစ်တိုင်းတွေ့ဆုံပွဲတွေလုပ်နေကြတုန်းပါပဲ။ တွေ့ဆုံပွဲတိုင်းမှာလည်း မူလသရုပ်ဆောင်တွေကိုဖိတ်ခေါ်ပြီး လက်မှတ်ထိုးတဲ့အစီအစဉ်တွေကိုပြုလုပ်ကြလေ့ရှိပါတယ်။ ဒီလိုအရူးအမူးအားပေးတဲ့ အထဲမှာ သာမီယန်းဂြိုလ်သားတွေပါ ပါဝင်ပြီး ဒီစီးရီးကို တကယ့်ဖြစ်ရပ်မှတ်တမ်းတွေအဖြစ် မှတ်ထားခဲ့ကြတာပါ။ ဒီလိုနဲ့ပဲ ၁၈ နှစ်ပြည့် တွေ့ဆုံပွဲမှာတော့ ကွန်မန်ဒါ တက်ဂါနေရာမှာသရုပ်ဆောင်တဲ့ ဂျေဆင် နက်စမစ်ဆီကို သာမီးယန်းဂြိုလ်သားတွေရောက်ရှိလာပြီး သူတို့ကိုနှိပ်စက်နေတဲ့ ဆဲရစ်ဆိုတဲ့ လူဆိုးကြီးနဲ့ညှိနိုင်းပေးဖို့ အကူအညီတောင်းပါတော့တယ်။ ဂျေဆင်လည်းသူ့ကိုသရုပ်ဆောင်ခိုင်းနေတယ်အထင်နဲ့ သာမီးယန်းယာဉ်ပေါ်လိုက်သွားပြီး ဆဲရစ်ကိုအမြှောက်စာ နှစ်ချက်ကျွေးလိုက်ပြီး အိမ်ပြန်လာဖို့လုပ်တဲ့အခါမှာတော့ သာမီးယန်းတွေကတကယ့်ဂြိုလ်သားတွေဆိုတာကိုသိသွားခဲ့ပါတယ်။ ဒီလိုနဲ့ ကမ္ဘာကိုပြန်ရောက်တဲ့အခါမှာတော့ သူ့ရဲ့အဖွဲ့သားတွေကို ဂြိုလ်သားတွေကတကယ်ရှိကြောင်းအရင်သွားပြောပါတော့တယ်။ တစ်ဖက်မှာလည်း အမြှောက်စာကျွေးခဲ့ပေမဲ့ဆဲရစ်ကဘာမှမဖြစ်တဲ့အပြင် ပြဿနာကသေးမသွားပဲပိုကြီးလာခဲ့ပါတယ်။ ဒါကြောင့် ဂျေဆင်ကိုသာမီးယန်းတွေကပြန်လိုက်ခေါ်တဲ့အခါမှာတော့ ဂျေဆင်ရော သူ့ရဲ့အဖွဲ့သားတွေပါ သာမီးယန်းယာဉ်ပေါ်ကိုရောက်သွားပါတော့တယ်။ ဒီလိုနဲ့ သူတို့သရုပ်ဆောင်ခဲ့တဲ့ ဇာတ်ဝင်ခန်းတွေကို အစစ်အမှန်လုပ်နေရပြီး သာမီးယန်းတွေကိုရော ကမ္ဘာကိုပါကာကွယ်ရင်း ဆဲရစ်ကိုအောင်မြင်စွာတိုက်ခိုက်နိုင်ပါ့မလား ဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ 1999 မှာထွက်ရှိခဲ့တဲ့ သိပ္ပံစိတ်ကူးယဉ်ဇာတ်ကားဖြစ်တဲ့အပြင် Harry Potter ဇာတ်ကားတွေမှာ Professor Snape အဖြစ်သရုပ်ဆောင်ခဲ့တဲ့ မင်းသားကြီး Alan Rickman၊ Tim Allen စတဲ့ မင်းသားကြီးတွေပါ ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကားပါပဲဗျ။ File size…(1.7 GB)/(900 GB)/(540 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:41:00 Genre…Comedy, Science Fiction, Adventure Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by TMTT
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 1.7GB | Download | |
| 1080p | 1.7GB | Download | |
| 1080p | 1.7GB | Download | |
| 1080p | 1.7GB | Download | |
| 720p | 900MB | Download | |
| 720p | 900MB | Download | |
| 720p | 900MB | Download | |
| 720p | 900MB | Download | |
| 720p | 900MB | Download | |
| 720p | 900MB | Download | |
| 480p | 540MB | Download | |
| 480p | 540MB | Download | |
| 480p | 540MB | Download | |
| 480p | 540MB | Download | |
| 480p | 540MB | Download | |
| 480p | 540MB | Download |
ထုတ်လွှင့်သည့်နေ့
Invalid Date
ကြာချိန်
-
အဆင့်သတ်မှတ်ချက်
0.0 / 10
Director