
Funny Birds (2024) IMDb Rating (5.6) ဒီဇာတ်ကားရဲ့ ခေါင်းစဉ်ကတော့ မြူးမြူးထူးထူးနဲ့ ပေါ့ပေါ့ပါးပါးဖြစ်တဲ့ဟန်ပေါက်နေပေမယ့် တကယ်တော့ဒရာမအပြည့်နဲ့ ရင်သပ်ရှုမောဖွယ်အခိုက်အတန့်တွေကို ပေါင်းစပ်ပေးထားပါ့တယ်။ ဇာတ်အိမ်ရဲ့ သဘောသဘာဝကိုပြောရမယ်ဆိုရင် ကျေးငှက်သာရကတွေဟာ ငယ်စဉ်မှာအမိရဲ့ ပြုစုပျိုးထောင်ပေးမှုအောက်နေရပါတယ်။ အတောင်စုံကာမှ ကိုယ့်အသိုက်ကိုစွန့်ပြီး ကိုယ့်ရဲနောက်မျိုးသစ်တစ်ခုအတွက် အိုးအိမ်ဖြစ်ပေးရပါတယ်။ ဒီဇာတ်လမ်းမှာတော့ ခင်ပွန်းဖြစ်သူဆုံးသွားတဲ့ လော်ရာဆိုတဲ့အမျိုးတစ်ယောက်ဟာ ခင်ပွန်းဖြစ်သူဆုံးပါးသွားပြီး သမီးဖြစ်သူက အရွယ်ရောက်လို့ အဝေးမှာကျောင်းသွားတဲ့အချိန် ရုတ်ရက်ကြီးကင်ဆာဖြစ်လာခဲ့ပါတယ်။ ဒီလိုနဲ့ပဲ သူဟာ ဘဝကြီးရဲ့ ခက်ခဲကြမ်းတမ်းတဲ့လောကဓံတရားကြားထဲ မရုန်းကန်တော့ဘဲ သူ့ရဲ့နယ်ဘက်က အိမ်လေးမှာပဲကျန်နေတဲ့အချိန်လေးမှာ အိမ်မွေးတိရစ္ဆာန်လေးတွေနဲ့ တစ်နိုင်တစ်ပိုင်နေရင်း အရိုးထုတ်ဖို့ကြံစည်ခဲ့ပါတယ်။ ဒါပေမဲ့ သမီးဖြစ်သူကလည်း သူ့ရဲ့စာသင်သားဘဝကို အနာခံပြီး မိခင်ကို ပြုစုပေးဖို့ရောက်လာပါတယ်။ အစကဒီတိုင်းပဲရှိရာအသက်ကိုပဲဆက်တော့မယ်လို့ဆုံးဖြတ်ထားတဲ့ လော်ရာကလည်း သမီးကြောင့် စိတ်ခိုင်ခိုင်ထားပြီး ကင်ဆာကိုတိုက်ဖျက်ဖို့ ဓာတ်ကင်ဖို့အားမွေးခဲ့ပါတယ်။ ဖြစ်ချင်တော့ ကုထုံးခံနေရင်း လေးလအကြာမှာပဲ ဘယ်ကနေဘယ်လိုမှန်းမသိတဲ့ အမျိုးသမီးတစ်ယောက်က လော်ရာ့ရဲ့အမေပါဆိုပြီး ရောက်ချလာပါတယ်။ မိခင်နဲ့အတိတ်ဆိုးရှိခဲ့လို့ သမီးကိုတောင် အဘွားဖြစ်သူအကြောင်း မပြောပြထားတဲ့လော်ရာဟာ ဘဝအတွက်ရုန်းကန်နေရချိန်မှာ မီးစဟောင်းနဲ့ ရင်ဆိုင်ရဖို့ဖြစ်လာပါတော့တယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Mark ဖြစ်ပါတယ်။) File size…(1.4 GB) / (900 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy, Drama Duration….01:36:57 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Mark
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 1.4 GB | Download | |
| 1080p | 1.4 GB | Download | |
| 1080p | 1.4 GB | Download | |
| 1080p | 1.4 GB | Download | |
| 720p | 900 MB | Download | |
| 720p | 900 MB | Download | |
| 720p | 900 MB | Download | |
| 720p | 900 MB | Download | |
| 720p | 900 MB | Download | |
| 720p | 900 MB | Download |