
အချိန်ကာလအားဖြင့် 1990 တစ်ဝိုက် စစ်အေးခေတ်ပြီးခါနီးပေါ့ဗျာ။ New York လေဆိပ်က အမေရိကန်လူဝင်မှုကြီးကြပ်ရေးဌာနကို အူတိအူကြောင်ရုပ်နဲ့ ဂျာမန်နှစ်ကောင်ရောက်ချလာတယ်။သူတို့က GDR လို့ခေါ်တဲ့ အရှေ့ဂျာမနီ(ကွန်မြူနစ်နိုင်ငံ)ကတဲ့။ဘယ်သူမှ မမေးရဘဲ သူတို့ကိုယ်သူတို့ “We are Communists”ဆိုပြီး ဝမ်းသာအားရ မိတ်ဆက်တယ်။ဘာပြောကောင်းမလဲ ၊ပယ်ပယ်နယ်နယ် အစစ်ခံရတော့တာပေါ့။ ဒီဇာတ်ကားက အဲ့ဒီဂျာမန်နှစ်ကောင်ရဲ့ အမေရိကန်ခရီးရှည်ကြီးကို ရိုက်ပြထားတာ။ သူတို့ ဘာကြောင့် အမေရိကားကို ရောက်လာကြတာလဲ။ အူကြောင်ကြောင်နဲ့ ဘယ်လိုမျိုး ပေါက်ကရတွေ လုပ်ကြလဲ။ ဘယ်လိုတွေ ပြဿနာတွေတက်ကြလဲဆိုတာကို (ဒီကောင်တွေတော့ကွာဆိုပြီး) တဟီးဟီးတဟားဟားနဲ့ ကြည့်ရမယ့်ကားမျိုး။ ဒီဇာတ်ကားကို ကြည့်ပြီးရင်တော့ ဇာတ်ကားနာမည် “Friendship” ဆိုတဲ့အတိုင်း သူတို့နှစ်ယောက်ကြားက “ပေဖော်ပေဖက် ခင်မင်မှုမျိုး”ကို ခင်ဗျား ခံစားမိလိမ့်မယ်။ ပြီးရင်တော့ ဘယ်ရောက်ဘယ်ပေါက်မယ်၊ ဘာတွေဆက်ဖြစ်မယ်ဆိုတာကို မှန်းလို့မရတဲ့ Road Trip မျိုး တစ်ခေါက်လောက်ဖြစ်ဖြစ် ထွက်ဖူးချင်လာလိမ့်မယ်။ ငါလည်း ဘဝမှာ ဒါမျိုးတစ်ခေါက်လောက်တော့ ဖြစ်ချင်ရာဖြစ် ပေဖူးချင်လိုက်တာဆိုပြီး တွေးမိလိမ့်မယ်။ အချိန်ပေးရတာနဲ့တန်အောင် ရယ်ရ မောရမယ့် ဇာတ်ကားမျိုးမို့ ကိုယ်တိုင် ကြည့်ရှုခံစား ကြည့်ကြဖို့ တိုက်တွန်းချင်ပါတယ်။ (ဘာသာပြန်နှင့် အညွှန်းကတော့ Damien ပဲ ဖြစ်ပါတယ် ) File size…975MB / 545MB Quality…WEB-DL 720p / 480p Format…mp4 Duration….1h 50m Genre ..... Adventure / Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Damien
| Provider | Resolution | File Size | |
|---|---|---|---|
| 720p | Download | ||
| 720p | Download |