
ဒီတစ်ခေါက်မှာတော့ Freeway ဆိုတဲ့ စိတ္တဇ လူသတ်သမားကားကို မိတ်ဆက်ပေးချင်ပါတယ်။ အသက်၁၅နှစ်သာရှိသေးတဲ့ ဗန်နက်ဆာဆိုတဲ့ ကောင်မလေးဟာ သူမမွေးခင်ကတည်း အဖေမရှိ တော့ဘဲ အမေရယ် ပထွေးရယ်နဲ့အတူ နေထိုင်ရတာ ဖြစ်ပါတယ်။ သူတို့ဟာ သာမာန်မိသားစုမဟုတ်ဘဲ အမေကအပျော်မယ်လုပ်ကိုင်သူဖြစ်ပြီး ပထွေးဖြစ်သူက ဆေးစွဲနေတဲ့ထောင်ထွက်တစ်ယောက်ဖြစ်ပါတယ်။ တစ်နေ့မှာ သူ့တို့နှစ်ယောက်လုံး ဆေးမှုနဲ့ ထောင်ကျ သွားတဲ့အချိန် ဗန်နက်ဆာတစ်ယောက် မိဘမဲ့ စောင့်ရှောက်ရေးဆီ အပို့ခံရဖို့ဖြစ်လာပါတယ်။ ဒါပေမယ့် အရင်ကတည်း ရောက်ဖူးပြီးတဲ့ဗန်နက်ဆာဟာ အဲဒီကို ထပ်မသွားချင်တာကြောင့် တစ်ခါမှမတွေ့ဖူးတဲ့ အဘွားဆီကို ထွက်ပြေးလာခဲ့ပါတယ်။ ကံမကောင်း အကြောင်းမလှစွာနဲ့ ဗန်နက်ဆာတစ်ယောက် အဝေးပြေး လမ်းမှာကားပျက်ပါတော့တယ်။ လမ်းမှာဒုက္ခရောက်နေတဲ့ အချိန် ကူညီမယ့်သူပေါ်လာခဲ့ပေမယ့် သူ့ကိုလာကူညီတဲ့သူဟာ သတင်းတွေထဲနာမည်ကြီးနေတဲ့ အဝေးပြေးလမ်း စိတ္တဇလူသတ်သမားဖြစ်တဲ့ အိုင်ဖိုက် လူသတ်သမား ဖြစ်နေတဲ့အခါ.... File size…1.44GB / 653MB Quality…Web-Rip 1080p / 720p Format…mp4 Duration….1h 42m Genre ..... Crime , Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Jaka
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 1.44GB | Download | |
| 720p | 653MB | Download | |
| 1080p | 1.44GB | Download | |
| 720p | 653MB | Download |