
ဖရက်ဒီဆိုတာ အသက် ၂၈ နှစ်အထိ ရည်းစားတစ်ခါမှ မထားဖူးတဲ့ လူပျိုကြီးတစ်ယောက်ပေါ့ သူ့ရဲ့ ရိုးရိုးအေးအေး တုံးတုံးအအ ပုံစံကြောင့် မိန်းကလေးတွေကလည်း သူ့ကိုမကြိုက်ကြဘူး သူက သွားဆရာဝန်တစ်ယောက်ဖြစ်ပြီး မိဘမရှိ၊ အဒေါ်နှစ်ယောက်ရဲ့ အုပ်ထိန်းမှုအောက်မှာပဲ နေနေရတာ ဖြစ်ပါတယ် အချစ်ကိုရှာဖွေရင်း အထီးကျန်ဆန်လှတဲ့ သူ့ဘဝကို စိတ်လှုပ်ရှားမှုတွေ ရင်ဖိုမှုတွေ ပေးမယ့် မိန်းကလေးတစ်ယောက် ရောက်ရှိလို့လာခဲ့ပါတယ် အဲဒီမိန်းကလေးဟာ အိမ်ထောင်သည်တစ်ယောက် ဖြစ်နေပေမယ့် သူ အဲဒီမိန်းကလေးကို ချစ်မိသွားခဲ့ပါတယ် လက်ထပ်ဖို့အထိပါ စဉ်းစားခဲ့ပြီး အဲဒီမိန်းကလေးကို ချဉ်းကပ်ပါတော့တယ် တကယ်တော့ အဲဒီမိန်းကလေးဟာ သူ့ယောက်ျားရဲ့ အထက်စီးဆန်မှု မောင်ပိုင်စီးမှုနဲ့ နှိပ်စက်မှုတွေရဲ့ သားကောင်ဖြစ်နေခဲ့ရတဲ့သူဖြစ်ပါတယ် ဒီလိုနဲ့ ဖရက်ဒီနဲ့ သူနဲ့ ရှေ့ဆက်ဘယ်လိုဖြစ်မလဲ သူတို့ရဲ့တွေ့ဆုံမှုက ကံကြမ္မာရဲ့ စေလိုရာလား လူတစ်ယောက်ရဲ့ဖန်တီးမှုလား... ဒီဇာတ်ကားဟာ ရိုးရှင်းတယ်လို့ ထင်ရပေမယ့် တကယ်တမ်းမှာ လှည့်ကွက်များစွာနဲ့ မရိုးရှင်းလှပါဘူး ဒရမ်မာကိုမှ Mystery ဆန်ဆန် Thriller ဆန်ဆန် ကြည့်ချင်သူတွေအတွက် တကယ်အကြိုက်တွေ့စေမယ့် ဇာတ်ကားကောင်းတစ်ပုဒ်ပဲ ဖြစ်ပါတယ် File size…1.34GB / 574MB Quality…1080p True WEB DL /720p Format…mp4 Duration….1h 56m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Thet Ko ~ BpL ~ Sora
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 1.34GB | Download | |
| 720p | 574MB | Download | |
| 1080p | 1.34GB | Download | |
| 720p | 574MB | Download |