
ဒီရုပ်ရှင်က နည်းနည်းဆန်းတယ်၊ အမေရိကန်ပြည်တွင်းစစ်၊ ပထမ ကမ္ဘာစစ်နဲ့ အမေရိကန်-အီရတ်စစ်ဆိုတဲ့ အထင်ကရစစ်ကြီး ၃ခုကို ဇာတ်အိမ်တည်ထားတယ်၊ ဒါပေမဲ့ စစ်ကားဆိုပြီး အကြီးအကျယ် တိုက်ပွဲဖြစ်ပုံတွေ၊ နောက်ကွယ်က စစ်ပရိယာယ်နဲ့ နည်းဗျူဟာတွေ၊ ဒါမျိုးတွေကို မြင်ရမှာမဟုတ်ပါဘူး၊ အချိန်ကာလ ၃ခု၊ စစ်ကြီး၃ခု အတွက် တည်နေရာတစ်မျိုးစီပဲ သုံးထားတာပါ၊ အလွယ်ပြောရရင် ကတုတ်ကျင်းလို့ ခေါ်လို့ရတဲ့နေရာပေါ့။ ထူးခြားတာက စစ်၃ခုရဲ့ ဇာတ်ကောင်နာမည်နဲ့ သရုပ်ဆောင်တွေက အတူတူပါပဲ၊ ဇာတ်လမ်းတစ်ခုနဲ့ တစ်ခုက အဆက်အစပ် မရှိသလို ဇာတ်ကောင်စရိုက်တွေက စစ်တစ်ခုကို တစ်မျိုးပြောင်းနေပါတယ်၊ ဒီဇာတ်ကောင်တွေဟာ ဇာတ်လမ်းတစ်ခုမှာ ကတုတ်ကျင်းတစ်မျိုး ဆီမှာ အသက်ရှင်သန်ဖို့ ရုန်းကန်လှုပ်ရှားရပုံတွေကို အဓိကထားပြီး ရိုက်ထားတာပါ၊ ဒါပေမဲ့ ဒိုင်ယာလော့ဂ်တွေအရ ဒါရိုက်တာဖြစ်သူ အဓိက ပြချင်တာက လူ့သဘောသဘာဝ၊ စစ်ဖြစ်နေစဉ် ရှိအပ်တဲ့ စောင့်ထိန်းရမယ့် ကျင့်ဝတ်တွေအကြောင်း ဖြစ်ပါလိမ့်မယ်။ ဘယ်လိုဇာတ်အိမ်မျိုးတွေ ဖြစ်မလဲဆိုတာတော့ ကိုယ်တိုင်ပဲ ကြည့်ရှု လိုက်ပါ၊ လူတစ်ကိုယ် အကြိုက်တစ်မျိုးရယ်ဖြစ်လို့ တိုက်ပွဲကြီးတွေ ပါမှ သဘောကျတတ်တဲ့သူအတွက်ဆို အားမရတာမျိုးရှိနိုင်ပါတယ်၊ ဒါက စကားပြောအသားပေးစစ်ကား ဖြစ်နေလို့ပါ၊ ဇာတ်အိမ်ဆန်းတဲ့ ရုပ်ရှင်တွေကို ကြိုက်တတ်ရင်တော့ ခံစားကြည့်စေချင်ပါတယ်။ File size…1.2GB / 570MB Quality…1080p WEBRIP AAC 5.1CH / 720p Format…mp4 Duration….1h 35m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by JimX
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 1.2GB | Download | |
| 720p | 570MB | Download | |
| 1080p | 1.2GB | Download | |
| 720p | 570MB | Download |