
ဗင်နီ၊ ဇက်ခ်၊ အန်ဂျလီ၊ ပါရူဆိုတဲ့ စမူဆာ လေးခု ရှိပါတယ်။ ဗင်နီဆိုတဲ့ စမူဆာကတော့ ကိုယ့်နယ်မြို့လေးက အထည်ဆိုင်တစ်ခုမှာ အရောင်း၀န်ထမ်းလုပ်နေတဲ့ လူငယ်လေးတစ်ယောက်။ ဘ၀ပေးအရသာ အရောင်း၀န်ထမ်း လုပ်နေရပေမဲ့ ရက်ပ်ပါ တစ်ယောက်ဖြစ်ဖို့ ၀ါသနာ ပါတဲ့သူ။ပြတ်သွားတဲ့ ရည်းစားဟောင်းမလေး ရီနာကိုလဲ မမေ့နိုင်သေးဘဲ ခဏခဏ တမ်းတလေ့ရှိတယ်။ တစ်နေ့မှာတော့ ရီနာတစ်ယောက် သူနဲ့ နှပ်ချေးတွဲလောင်းဘ၀ကတည်းက ပြိုင်ဖက်ဖြစ်တဲ့ ဆန်ဂျေး ဆိုတဲ့ ငနဲ နဲ့ စေ့စပ်လိုက်ပြီဆိုတာ သိလိုက်ရတော့ ဗင်နီ သောကမီးတွေ ဝေသွားတယ်။ ဒီတော့ ဗင်နီတစ်ယောက် ရီနာလေးကို ပြန်အရယူဖို့အတွက် သူ့ရဲ့ မဟာအကြံအစည်ကြီးကို အကောင်အထည်ဖော်ဖို့ ကြံပါတော့တယ်။ အဲဒါကတော့ ရီနာအဖေ ပိုင်တဲ့ စတိုးဆိုင်ကြီးကို ဖောက်ထွင်းပြီး သူ့ရဲ့ စိန်တွေကို ခိုး…အဲဒီလိုနည်းနဲ့ ရီနာရဲ့ လက်ထပ်ပွဲကို ဖျက်ဖို့ပါ။ ဒါပေမဲ့ ဗင်နီတစ်ယောက်တည်း အားနဲ့ မဖြစ်နိုင်တာမို့ ဗင်နီရဲ့ သူငယ်ချင်း သရုပ်ဆောင်ရူး ဇက်ခ်၊ သတင်းထောက်မလေး အန်ဂျလီ၊ အလုပ်လက်မဲ့ အင်ဂျင်နီယာ ပါရူ တို့ရဲ့ အကူအညီယူပြီး ဖောက်ထွင်ရေး စီမံကိန်းကြီးကို စတင်ပါတော့တယ်။ ဒီလိုနဲ့ ဒီ စမူဆာ လေးခု ဆိုတဲ့ ဟာသဇာတ်လမ်းလေး ဖြစ်လာပါတယ်။ ပေါ့ပေါ့ပါးပါးနဲ့ ရယ်ရမဲ့ ကားလေးမို့ ပရိသတ်တို့ ကြည့်ရှုဖို့ တင်ဆက်လိုက်ရပါတယ်။ (ဆန်ဂျေးနေရာမှာ သရုပ်ဆောင်တဲ့သူက Deadpool ထဲက စကားအလွန်များတဲ့ တက္ကစီဆရာပါ။ ) File size…(3 GB)/(1 GB)/(600 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:21:00 Genre…Action ,Comedy,Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Chuck