
ခုတစ်ခါတင်ဆက်ပေးမယ့်ကားလေးကတော့ မင်းသားချောလေး ဗစ်ကရန့်မက်စီပါဝင်သရုပ်ဆောင်ထားတဲ့ မှုခင်းစုံထောက်ကားလေးပဲဖြစ်ပါတယ်.. ဒီမင်းသားကိုတော့ ပရိသတ်တွေမစိမ်းဘူးလို့ထင်မိပါတယ် Haseen Dilruba ထဲမှာ တာ့ပ်ဆီးပါနူးနဲ့ တွဲရိုက်ထားတဲ့ ညီဖြစ်သူနဲ့ မိန်းမကဖောက်ပြန်လို့ လက်ဖြတ်ပေးပြီး ပြန်ချစ်ပြတဲ့ အချစ်သူရဲကောင်းကြီးဆို သိကြမယ်ထင်ပါတယ်။ 2020မှာထွက်ရှိခဲ့တဲ့ Forensicကိုပဲ Remake ပြန်ရိုက်ထားတဲ့ 2022 Versionပါ။ 2020တုန်းက ထွက်ရှိခဲ့တဲ့ကားမှာ Bad Reviewတစ်ချို့ရှိနေခဲ့ပေမဲ့ ဒီ2022ထုတ်အနေနဲ့ကတော့ ဒါရိုက်တာVishal Furiaက ရုပ်ရှင် Plotအပြင် သရုပ်ဆောင်တွေ၊ အမှုအခင်းတွေကိုပါ အဆင့်မြှင့်ပြီး ထပ်မံရိုက်ကူးလိုက်တာပဲ ဖြစ်ပါတယ်။ Mussorieဆိုတဲ့ တောင်ကုန်း မြို့လေးမှာ စတင်လာတဲ့ ကွင်းဆက်လူသတ်မှု။ ကွင်းဆက်လူသတ်မှုတွေတိုင်းမှာ သူတို့ရဲ့တစ်မူထူးတဲ့ နည်းလမ်းတွေရှိပါတယ်။ ဒီလူသတ်မှုမှာတော့ အသတ်ခံရတဲ့သူတွေက ထူးထူးဆန်းဆန်း သူတို့ရဲ့မွေးနေ့မှာ အသတ်ခံရတာပဲဖြစ်ပြီး အသတ်ခံရတဲ့သူတွေအားလုံးကလည်း ကလေးမလေးတွေပါပဲ။ အာဏာပိုင်ရဲတွေကတောင် လက်လျှော့ပြီး ဖုံးလိုက်ရတဲ့ ဒီအမှုကို ဘယ်လိုပဲဖြစ်ဖြစ် မိအောင်လိုက်မယ်လို့ဆုံးဖြတ်ထားတဲ့ ရဲမေတစ်ယောက်နဲ့ မှုခင်းဆေးပညာရှင်တစ်ယောက် ပူးပေါင်းပြီးလိုက်ကြတဲ့နောက်မှာ အမှုကို လိုက်နေတဲ့ ရဲမေရဲ့ တူမဖြစ်သူ အန်နေယာဆိုတဲ့ ကလေးမလေးကလည်း ပျောက်ချင်းမလှပျောက်သွားတဲ့နောက်.... တဖြည်းဖြည်းပုံပေါ်လာတဲ့ကွင်းဆက်တွေ၊ သံသယရှိသူတွေနဲ့ ရှုပ်ထွေးတဲ့အမှုရဲ့နောက်ကွယ်မှာ ဘယ်သူတွေရှိလဲဆိုတာကို သိလာရပါတော့တယ်။ အသစ်စက်စက် ထွက်ရှိလာတဲ့ Forensicဆိုတဲ့ ကားလေးကို အခုပဲ တင်ဆက်ပေးလိုက်ပါပြီ။ File size…1.75GB / 839MB Quality…1080p ZEE5 WEBDL Hindi AAC5.1CH / 720p Format…mp4 Duration….2h 14m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yate & Taylor & Honeyey & Lwin Htoo & Guu Guu
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 1.75GB | Download | |
| 720p | 839MB | Download | |
| 1080p | 1.75GB | Download | |
| 720p | 839MB | Download |