
ခရစ်စမတ်အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်တဲ့ ဒီဇာတ်ကားလေးကတော့ Enemies to Lover အမျိုးအစားလေးလို့ ဆိုလို့ရပါတယ်။ အက်ဘီဂဲလ်ဆိုတာက အိမ်တွေကို ပြုပြင်မွမ်းမံပြီး ပြန်ရောင်းသူ တစ်ဦးဖြစ်ပြီး ခရစ်စမတ်မတိုင်မှာ သူ အလုပ်နှစ်ခု ရခဲ့တယ်။ တစ်ခုက သူ့ခဲအိုရဲ့ အဘိုးဆီက အမွေရထားတဲ့အိမ်ကို မွမ်းမံပြီးပြန်ရောင်းဖို့နဲ့ နောက်တစ်ခုက DevaCore ဆိုတဲ့ ကုမ္ပဏီကြီးတစ်ခုဆီက အခန်း ၁၀၀ ပါတဲ့ ကွန်ဒိုတစ်ခုတစ်ခုအတွက် အရောင်းအေးဂျင့်အဖြစ် ငှားရမ်းခဲ့မှု။ အက်ဘီက ခရစ်စမတ်နေ့အကြိုနေ့မှာ Brenbury ဆိုတဲ့ မြို့သေးသေးလေးက သူ့မိသားစုအိမ်ကို ပြန်လာခဲ့တယ်။ အဲကာလအတွင်းလေးမှာပဲ သူက သူ့ခဲအိုရဲ့ အမွေရထားတဲ့အိမ်ကို မွမ်းမံရောင်းချပေးဖို့ပေါ့။ ဒါပေမဲ့ အဲအိမ်က သူ့ခဲအိုတစ်ဦးတည်းပိုင် မဟုတ်နေခဲ့ဘဲ ဘို ဆိုတဲ့ လက်သမားတစ်ယောက်ကိုပါ ခွဲပေးခဲ့တာဖြစ်နေခဲ့တယ်။ ဘိုကတော့ အိမ်ကို မရောင်းဘဲ “Bed & Breakfast” နေရာတစ်ခုအဖြစ်ပဲ ပြောင်းလဲချင်တယ်။ အဲလို အတွေးမတူကြတဲ့ နှစ်ယောက်ကြား အဲအိမ်က နောက်ဆုံးမှာ အရောင်းပဲထွက်သွားမလား၊ “Bed & Breakfast” နေရာပဲ ဖြစ်သွားမလား။ အဲကြားထဲမှာ အက်ဘီနဲ့ ဘိုနဲ့က အချင်းချင်း တစ်ယောက်ကို တစ်ယောက်ကို နားလည်လာကြပေမဲ့ မတော်တဆမှုတစ်ခု ဖြစ်လာခဲ့တယ်။ အက်ဘီဟာ ဘိုပြောပြလို့ သိရတဲ့ Brenbury ရဲ့ မြေကွက်ကျယ်ကြီးအရောင်းဖွင့်ထားတာကို သူ့လက်ထောက်ကို လွှတ်ခနဲ ပြောပြမိရာကနေ DevaCore ရဲ့ စီအီးအိုက သိသွားခဲ့ပြီး အဲနေရာမှာ မြို့ပြတည်ဆောက်ချင်တာကြောင့် ချက်ချင်းပဲ ဝယ်ယူဖို့ မြို့တော်ဝန်နဲ့ အပေးအယူဖြစ်သွားခဲ့တယ်။ Brenbury မြို့လေးရဲ့ သဘာဝကို ချစ်မြတ်နိုးတဲ့ ဘိုနဲ့ DevaCore ရဲ့ မြို့ပြတည်ဆောက်လိုမှု ပြဿနာရဲ့ အစပျိုးသူဖြစ်နေခဲ့တဲ့ အက်ဘီဂဲလ်။ ခရစ်စမတ်နေ့ဝန်းကျင်ကို အခြေပြုရိုက်ပြထားတာကြောင့် ခရစ်စမတ် vibe လေးနဲ့အတူ ရိုးရိုးရှင်းရှင်း romance ကား ကြည့်လိုတဲ့သူတွေအတွက် ရွေးချယ်စရာဇာတ်ကားလေးတစ်ကားပဲ ဖြစ်ပါတယ်။ File size…(1.7 GB)/(950 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:30:00 Genre…Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Moshi
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 1.7 GB | Download | |
| 1080p | 1.7 GB | Download | |
| 1080p | 1.7 GB | Download | |
| 1080p | 1.7 GB | Download | |
| 720p | 950 Mb | Download | |
| 720p | 950 Mb | Download | |
| 720p | 950 Mb | Download | |
| 720p | 950 Mb | Download | |
| 720p | 950 Mb | Download | |
| 720p | 950 Mb | Download |