
Five Star Princess (aka) Putri Bintang Lima (2024) “ရွှေဘုံစံမင်းသမီးနဲ့ ကော်ဖီအဖျော်ဆရာလေး” အားလပ်ချိန်မှာအပျင်းပြေဖို့ ပေါ့ပေါ့ပါးပါးကြည့်လို့ရမဲ့ အင်ဒို-အချစ်ဟာသ ဇာတ်လမ်းလေးတစ်ပုဒ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အချစ်ဟာသဆိုပေမဲ့အရှေ့တောင်အာရှနိုင်ငံ တော်တော်များများက ဘွဲ့ရလူငယ်တွေရဲ့ လက်တွေ့ဘ၀ကိုလည်း ထင်ဟပ်ပြထားပါတယ်။ ဇာတ်လမ်းထဲမှာ ပါဒန်နာဟာ မာစတာဘွဲ့ရထားတဲ့ အလုပ်လက်မဲ့လူငယ်တစ်ယောက်ပါ။ ဘွဲ့ရပေမဲ့လည်း အလုပ်ရှားပါးတာကြောင့် အိမ်မှာဒီတိုင်းနေနေတဲ့ ပါဒန်နာကို အဖေဖြစ်သူက ကြည့်မရပါဘူး။ ထုံးစံအတိုင်း ပါဒန်နာကို နေ့စဉ်နဲ့အမျှ အလုပ်လုပ်ဖို့ ဖိအားပေးတတ်ပါတယ်။ အဲဒီအလုပ်အကိုင်ကိစ္စကြောင့်ပဲ ပါဒန်နာဟာ လက်ရှိရည်းစားဖြစ်သူနဲ့ ဝေးရကိန်းဆိုက်ပါတော့တယ်။ သူ့ရည်းစားရဲ့အဖေက အမေရိကမှာ အခြေချမှ သူ့သမီးနဲ့ပေးစားမယ်ပြောလိုက်လို့ပါ။ ဒါကြောင့် ပါဒန်နာလည်း အလုပ်တစ်ခုရှိမှဖြစ်မယ်လို့ ဆုံးဖြတ်ပြီး သူငယ်ချင်းတွေနဲ့ စပ်တူကော်ဖီဆိုင်လေး ဖွင့်ပါတော့တယ်။ ဇာတ်လမ်းက အဲဒီတော့မှ စတာပါ။ ပါဒန်နာတို့ကော်ဖီဆိုင်ရဲ့ရှေ့နားမှာ အိမ်ကြီးအိမ်ကောင်း တစ်အိမ်ရှိပါတယ်။ တစ်နေ့တော့ အဲဒီအိမ်က ပါကျန်ကာဆိုတဲ့ ကောင်မလေးနဲ့ ပါဒန်နာတို့ အကြည့်ချင်းဆုံပြီး ရင်တွေခုန်ကြပါတော့တယ်။ ပါကျန်ကာရဲ့အဖေဟာ အငြိမ်းစားစစ်ဘက်အရာရှိကြီးတစ်ဦးဖြစ်ပြီး သမီးဖြစ်သူအပေါ် အရမ်းစည်းကမ်းတင်းကျပ်သူပါ။ ပါကျန်ကာကလည်း အဲဒီလိုအဖေလက်အောက်မှာကို ရည်းစားတွေ နေရာစုံအောင်ထားလာတဲ့ လက်လက်ထကောင်မလေးပေါ့။ ဒီလိုနဲ့ ရွှေဘုံစံမင်းသမီးလေးပါကျန်ကာနဲ့ သာမန်ကော်ဖီအဖျော်ဆရာလေးပါဒန်နာတို့ရဲ့ဇာတ်လမ်း ဘယ်လိုဆက်ဖြစ်မှာလဲ၊ ကောင်မလေးမိဘတွေ လက်ခံအောင် ပါဒန်နာကရော ဘယ်လိုဉာဏ်နီဉာဏ်နက်တွေထုတ်သုံးမလဲ ဆိုတာ ရယ်ရယ်မောမော ကြည့်ရှုကြည့်ရမှာ ဖြစ်ပါတယ်။ (ဒီဇာတ်လမ်းအတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ Cym~Zwe Yan~Star~ToMo ပါ။)
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 1.3 GB | Download | |
| 1080p | 1.3 GB | Download | |
| 1080p | 1.3 GB | Download | |
| 1080p | 1.3 GB | Download | |
| 720p | 574 MB | Download | |
| 720p | 574 MB | Download | |
| 720p | 574 MB | Download | |
| 720p | 574 MB | Download | |
| 720p | 574 MB | Download | |
| 720p | 574 MB | Download |
ထုတ်လွှင့်သည့်နေ့
Invalid Date
ကြာချိန်
-
အဆင့်သတ်မှတ်ချက်
0.0 / 10
Director