
Firecracker (2024) ဓားပြတိုက်မှုတစ်ခု မှားယွင်းစွာဖြစ်သွားတဲ့အခါမှာ မီးပုံပွဲညမှာအိမ်ထဲမှာ ပိတ်မိနေတဲ့ လူသုံးယောက်ဘာဆက်ဖြစ်မလဲဆိုတာ…. မတ်တေဒါဝက်ဆန်လို့ခေါ်တဲ့ ရှပ်ပြာနိုင်ပြီး အလုပ်သေချာမကျွမ်းတဲ့ အိမ်ပွဲစားပေါက်စမလေးတစ်ယောက်က တစ်ရက်မှာတော့ ရာဇဝတ်မှုဖြစ်ထားပြီး ဈေးကွက်ထဲကို မကြာခင်ကမှ ပြန်ရောက်လာတဲ့ အိမ်ကိုလိုက်ပြဖို့ ဖြစ်လာပါတော့တယ်။ ဖြစ်ချင်တော့ သူအိမ်ပြပေးရတဲ့အတွဲက အဲ့အိမ်မှာဖြစ်ခဲ့တဲ့ ရာဇဝတ်မှုနဲ့ ပက်သက်တဲ့သူတွေဖြစ်ပြီး သူတို့ရှာလို့မပြီးသေးတာကို ပြန်ရှာဖို့ရောက်လာကြတဲ့အခါ…. သာမန်အိမ်ပွဲစားမလေးတစ်ယောက်ကနေ ဓားစာခံဖြစ်သွားပြီးနောက် သူမအသက်ရှင်ဖို့ ဘယ်လိုကြံမလဲဆိုတာ မတ်တေဒါတစ်ယောက် နောက်ဆုံးမှာ လွတ်မြောက်နိုင်မလား နောက်ကွယ်က ကြိုးကိုင်နေတာတွေကရော ဘယ်သူတွေလဲဆိုတာ ရင်ခုန်စွာ ကြည့်ရမှာဖြစ်ပါတယ်။ အက်ရှင်ကားဆိုပေမယ့် မထင်ထားလောက်စရာ plot twist တွေလည်းပါတာမို့ စိတ်ဝင်စားဖို့ကောင်းကောင်းနဲ့ ရုပ်ရှင်နောက်ဆုံးပိုင်းထိ ဆွဲခေါ်သွားနိုင်မှာ အသေအချာပါပဲ အခုလိုရာသီမှာ ဒီလိုစိတ်လှုပ်ရှားဖို့ကောင်းတဲ့ အက်ရှင်ကားလေးကတော့ ပျင်းဖို့ကောင်းဖို့ကောင်းတဲ့ညဘက်တွေမှာ ကြည့်ဖို့ အသင့်တော်ဆုံးပဲမို့ ကျွန်မတို့ CM ပရိတ်သတ်ကြီးအတွက် တင်ဆက်ပေးလိုက်ရပါတယ်။
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p HEVC | 1.06 GB | Download | |
| 1080p HEVC | 1.06 GB | Download | |
| 1080p HEVC | 1.06 GB | Download | |
| 1080p HEVC | 1.06 GB | Download | |
| 720p | 558 MB | Download | |
| 720p | 558 MB | Download | |
| 720p | 558 MB | Download | |
| 720p | 558 MB | Download | |
| 720p | 558 MB | Download | |
| 720p | 558 MB | Download |