
အရမ်းမိုက်တဲ့ Netflix horror ဇာတ်ကားရဲ့အပိုင်း(၃) ဖြစ်ပါတယ် ဇာတ်လမ်းကတော့... ၁၉၉၄ ခုနှစ် အမေရိကန်နိုင်ငံမှာ ဆန်နီဗေးလ်နဲ့ ရှိတ်ဒီဆိုဒ်လို့ အမည်ရတဲ့ ဘေးချင်းကပ်မြို့နှစ်မြို့ရှိကြတယ်... ထူးခြားတာက ဆန်နီဗေးလ်ဟာ သာယာဝပြောပြီး စီးပွားဖြစ်သလောက် ရှိတ်ဒီဆိုဒ်ကတော့ စုတ်ပြတ် နုံချာနေပြီး လူသတ်မှုတွေလည်းခဏခဏဖြစ်လေ့ရှိတာပါပဲ... အပိုင်းတစ်မှာတော့ ရှိတ်ဒီဆိုဒ်မြို့ခံချစ်သူစုံတွဲ ဒီနာနဲ့ဆမ်မှာ ဆမ်က ဆန်နီဗေးလ်ကိုပြောင်းသွားတဲ့ကိစ္စနဲ့ သူတို့ လမ်းခွဲကြရာက မထင်မှတ်ထားတဲ့ဖြစ်ရပ်ကြောင့် သူတို့နောက်ကို လူသတ်သမားတွေလိုက်လာတာကို ရှူစားရမှာဖြစ်ပြီး . အပိုင်းနှစ်မှာတော့ ၁၉၇၈ ခုနှစ် နိုက်ဝင်းကမ့်စခန်းမှာဖြစ်ပွားခဲ့တဲ့ လူသတ်မှုတွေအကြောင်း ပိုထဲထဲဝင်ဝင်ပြသထားတာဖြစ်ပြီး မြို့ရဲ့သမိုင်းကြောင်း ပိုရုပ်လုံးပေါ်လာတာကို ကြည့်ရှူခံစားရမှာဖြစ်ပြီး၊ အခုဇာတ်သိမ်းပိုင်းမှာတော့ ၁၆၆၆ ခုနှစ်တုန်းက ဆာရာဖီအာရဲ့ဇာတ်ကြောင်းကိုကြည့်ရှူရမှာဖြစ်ပါတယ်။ သူကတကယ်ပဲစုန်းမလား ဘာတွေဖြစ်ခဲ့တာလဲ ကျိန်စာကတကယ်လားဆိုတာကို ဒီနာတို့နဲ့အတူ လိုက်ပါဖော် ထုတ်လိုက်ကြပါဦးဗျာ . . . (စုစုပေါင်း Part 1(1994), Part 2 (1978), Part 3 (1666) - Trilogy အပြီးဖြစ်ပါတယ်။) (ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ May Myat Thu ဖြစ်ပါတယ်။) Quality – 1080p, 720p WebDL Duration - 1h 47min Subtitle – Myanmar Hardsub Format – Mp4 Genre : Horror, Mystery Source : 1080p.WebDL Translator – May Myat Thu Encoder – SWM