
Family Switch (2023) အခုလို ဒီဇင်ဘာအခါသမယလေးမှာ ခွီဖို့အတွက် မိသားစုဟာသကားတစ်ကားရောက်ရှိလို့လာပါပြီ။ ဒီဇာတ်ကားထဲမှာဆိုရင် Wednesday ထဲမှာ “Enid Sinclair” အနေနဲ့ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ မင်းသမီးချောလေး Emma Myers အပြင် မူလဘူထ Elektra ဖြစ်ခဲ့တဲ့ Jennifer Garner နဲ့ The Hangovers သုံးကားထဲမှာ Stu အဖြစ်သရုပ်ဆောင်ခဲ့တဲ့ Ed Helms တို့ ပါဝင်ထားတာဖြစ်တဲ့အတွက် ကြည့်ရှုသူအားလုံးကို Entertain ဖြစ်စေမှာတော့ အမှန်ပါပဲ။ ခရစ္စမတ်ရာသီအလျောက် ခရစ္စမတ်ရဲ့ မြူးမြူးကြွကြွ Vibe လေးပါဝင်ထားတဲ့အပြင် ဒီ ၂၀၂၃ ခုနှစ်မှာ Netflix က ထုတ်ထားတဲ့ Family Genre ဇာတ်ကားတွေရဲ့ အကောင်းဆုံး ဇာတ်ကားတစ်ကားဖြစ်တာမို့ ကိုယ့်ရဲ့ Must Watch စာရင်းထဲထည့်ထားသင့်ပါတယ်။ ~ ဇာတ်လမ်းအကျဉ်း ~ ဝေါလ်ကာမိသားစုဝင်တွေထဲမှာဆိုရင် အလုပ်လည်းကြိုးစား တစ်ချိန်ထဲမှာ မိသားစုဘဝကို ဟန်ချက်ညီအောင် ကြိုးစားထိန်းပေးတဲ့ အမေဖြစ်သူ “ဂျက်စ်”… 90’s တွေရဲ့ Oldies Vibe အပြည့်နဲ့ သားဖြစ်သူရဲ့အထက်တန်းကျောင်းမှာ ဂီတဆရာဝင်လုပ်နေတဲ့ တစ်ချိန်ကနာမည်ကြီးအဆိုကျော်ဖြစ်ခဲ့သူ ဖေကြီး “ဘေလ်”… Young Sheldon လေးလို ဆယ်ကျော်သက်အရွယ်နဲ့ Advanced Theoretical Physics ရဲ့ ရာစုနှစ်ချီမပြေလည်နိုင်တဲ့ ပြဿနာတွေကိုဖြေရှင်းဖို့ကြိုးစားနေတဲ့ Introvert သားလေး “ဝိုင်ယက်”… လာမယ့်ရာသီမှာ နိုင်ငံကိုယ်စားပြု ၁၈ နှစ်အောက်ဘောလုံးအသင်းကိုဝင်နိုင်ဖို့ကြိုးစားနေတဲ့ ခေတ်ဆန်ဆန်သမီး “စီစီ”… တို့အပြင် အထွေးဆုံးသားလေး မိုင်းလ်စ်နဲ့ ခွေးဘီလူး ပစ်ကယ် တို့ပါဝင်ပါတယ်။ ဝေါလ်ကာတို့မိသားစုရဲ့ ကလေးအကြီးနှစ်ယောက်ဟာဆိုရင် ဆယ်ကျော်သက်တွေဖြစ်လာကြတဲ့အလျောက် ကလန်ကဆန်ပြုတတ်ကြတဲ့ “Rebellious Phase” ကို ရောက်လာကြပါတယ်။ သားတော်မောင်က ငယ်ငယ်ရွယ်ရွယ်နဲ့ ရေးလ်တက္ကသိုလ်အင်တာဗျူးဖြေပြီး အဝေးကိုကျောင်းသွားတက်ရမှာကတစ်ကြောင်း၊ သမီးတော်က နောက်ရာသီနိုင်ငံအသင်းမှာပါဝင်ခွင့်ရသွားရင် အိမ်နဲ့ခွဲရပြီး စခန်းသွင်းလေ့ကျင့်နေရမှာကတစ်ကြောင်း၊ အဲဒီကိစ္စနှစ်ခုကြောင့် မိဘနှစ်ယောက်က စိတ်ဖိစီးပြီး ခရစ္စမတ်မှာသောကရောက်နေရပါတယ်။ တစ်နေ့ ဝေါလ်ကာမိသားစုတို့ ခရစ္စမတ်မှာ မိသားစုလိုက်လျှောက်သွားကြဖို့ဆိုပြီး နက္ခတ်တာရာပြခန်းကိုရောက်လာကြတဲ့အခိုက်မှာ အံ့ဖွယ်ဖြစ်ရပ်တစ်ခုနဲ့ကြုံပြီး Body Swap တွေဖြစ်သွားကြပါတယ်။ အဖေက သားနဲ့ပြောင်းပြန်၊ သမီးက အမေ၊ အထွေးဆုံးသားလေးက ခွေးနဲ့ ခန္ဓာချင်းလဲသွားကြတဲ့အချိန်မှာ ဝေါလ်ကာတို့မိသားစု တစ်ယောက်ပြဿနာကို တစ်ယောက်ရှင်းရင်း အချင်းချင်းပြန်ပြီးနီးစပ်ကာ နွေးထွေးလာတဲ့ပုံကို ဒီဇာတ်ကားလေးမှာမြင်တွေ့ရမှာပဲဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Mark မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.65GB, 920MB Quality – 1080p, 720p IMDb Rating – 5.7/10 Format – mp4 Duration – 1H 46Min Genre – Comedy, Family Subtitle – Myanmar Subtitle (Hardsub) Translated by Mark Encoded by Y
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 1.65GB | Download | |
| 1080p | 1.65GB | Download | |
| 1080p | 1.65GB | Download | |
| 1080p | 1.65GB | Download | |
| 720p | 920MB | Download | |
| 720p | 920MB | Download | |
| 720p | 920MB | Download | |
| 720p | 920MB | Download | |
| 720p | 920MB | Download | |
| 720p | 920MB | Download |
ထုတ်လွှင့်သည့်နေ့
Invalid Date
ကြာချိန်
-
အဆင့်သတ်မှတ်ချက်
5.7 / 10
Director