
ဒီတစ်ခေါက် Channel Myanmar ကနေတင်ဆက်ပေးမဲ့ ဇာတ်ကားလေးကတော့ နှင်းပွင့်တွေကြားထဲက ချိုမြမြ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပဲဖြစ်ပါတယ်။ တီဂန်ဟာ နှင်းပွင့်လေးတွေကို အနီးကပ်ဓာတ်ပုံရိုက်လေ့ရှိတဲ့ ဓာတ်ပုံဆရာမတစ်ယောက်ဖြစ်ပြီး သူ့ဓာတ်ပုံတွေကို ပြခန်း တစ်ခုမှာပြသထားပါတယ်။ နှင်းပွင့်အမျိုးအစားပေါင်း 35 မျိုး ရှိပေမဲ့ တီဂန်ရဲ့ နှင်းပွင့်ဓာတ်ပုံကော်လက်ရှင်ထဲမှာတော့ 34 မျိုးပဲ ရှိနေပါသေးတယ်။ နောက်ဆုံး ကျန်နေတဲ့ နှင်းပွင့်အမျိုးအစားဟာ အနား ၁၂ ဖက်ပါတဲ့ စတယ်လာဒန်ဒရိုက် နှင်းပွင့်ဖြစ်ပြီး လုံးဝကို တိကျတဲ့ ရာသီဥတုမျိုးမှာပဲတွေ့ရနိုင်တာကြောင့် အရမ်းကို ရှားပါးတဲ့ နှင်းပွင့်မျိုးပါတဲ့။ တစ်နေ့မှာ အနုပညာလက်ရာတွေကို ဝယ်ယူစုဆောင်းလေ့ရှိတဲ့ သူဌေးကြီးတစ်ယောက်က ကျန်နေတဲ့ နှင်းပွင့်ဓာတ်ပုံကိုပါရရင် တီဂန်ရဲ့ ဓာတ်ပုံကော်လက်ရှင်တစ်ခုလုံးကိုလေလံဆွဲ ဝယ်ယူမယ် ဆိုပြီးပြောလာပါတယ်။ အဲဒါနဲ့တီဂန်လည်း မိုးလေဝသပိုင်း ကျွမ်းကျင်တဲ့ သူ့ရဲ့ငယ်ချစ်ဦး နိုအာနဲ့အတူ နှင်းမုန်တိုင်းကြားထဲ နှင်းပွင့်ရှာဖို့ ခရီးစတင်ပါတော့တယ်။ သူတို့တွေ နှင်းပွင့်လေးကိုရှာတွေ့သွားကြမှာလား တီဂန်နဲ့ နိုအာတို့ ငယ်ချစ်ဦးနှစ်ယောက်ရော ပေါင်းဖက်နိုင်သွားကြမှာလား ဆိုတာကတော့ ဇာတ်ကားထဲမှာပဲ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ ဇာတ်လမ်းအသွားအလာ ပေါ့ပေါ့ပါးပါးနဲ့ နှင်းပွင့်လေးတွေအကြောင်း ပါသိရဦးမှာဆိုတော့ Christmas ကာလရောက်ရင်လည်း တစ်ခါလောက်ကြည့်သင့်တဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။ File size…2.44GB / 1.01GB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 24m Genre ….. Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Muse
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 2.44GB | Download | |
| 1080p | 2.44GB | Download | |
| 1080p | 2.44GB | Download | |
| 720p | 1.01GB | Download | |
| 720p | 1.01GB | Download | |
| 720p | 1.01GB | Download |
ထုတ်လွှင့်သည့်နေ့
Invalid Date
ကြာချိန်
-
အဆင့်သတ်မှတ်ချက်
6.2 / 10
Director