
IMDb – 6.8/10 RT – 76% Old But Gold ဇာတ်ကားတစ်ခုပါ။ တစ်ကားလုံး မကြည့်ဖူးသေးရင်တောင် ဂျုဒ်လော ဟင်းပွဲထဲကအရိုးတွေကိုဆက်ပြီး သေနတ်လုပ်တဲ့ ပြကွက်ကိုတော့ FB Reel တွေမှာ ကြည့်ဖူးမှာပါ။ အခုနောက်ပိုင်းမှ အမှန်အကန်တွေ့လာရတဲ့ AI တို့၊ Virtual Reality Game တို့အကြောင်း လွန်ခဲ့တဲ့ ၂၆နှစ်က ရုပ်ရှင်တစ်ကားရှိခဲ့တယ်ဆိုတာ သင်ယုံနိုင်မလား။ ဇာတ်လမ်းကတော့ နာမည်ကြီး ဂိမ်းဖန်တီးရှင်တစ်ယောက်ဖြစ်တဲ့ အလယ်ဂရာ (Jennifer Jason Leigh)ဟာ ဂိမ်းမိတ်ဆက်ပွဲတစ်ခုမှာ လုပ်ကြံဖို့ ကြိုးစားခံရတဲ့အတွက် လုံခြုံရေးဝန်ထမ်း ပိုက်ကယ်လ် (Jude Law) နဲ့ အတူ ထွက်ပြေးကြရပါတယ်။ လုပ်ကြံရတဲ့ အကြောင်းကလည်း သူမဖန်တီးထားတဲ့ဂိမ်းကို ဖျက်ဆီးချင်တာရော၊ ခိုးယူချင်တာပါ ဖြစ်နေပါတယ်။ ထွက်ပြေးရာ လမ်းတစ်လျှောက် လုပ်ကြံသူတွေ အစီအရီအကြား သူမတို့နှစ်ယောက် ဘယ်လို အသက်လုပြေးကြရမလဲကို ဆက်လက်ရှုစားကြပါ။ စိတ်ကူးယဉ်ဇာတ်လမ်းပေမယ့် အတော်လေး သဘာဝကျတဲ့ ဇာတ်ဝင်ခန်းတွေ၊ concept တွေကို မြင်ရပါတယ်။ အထူးသဖြင့် Virtual Reality မှာ နေ့နဲ့ချီနေပေမယ့် ပကတိကာလမှာ မိနစ်ပိုင်းပဲရှိသေးတာ၊ Virtual Reality ကို စိတ်ရောဂါလက္ခဏာတစ်ခုနဲ့ခိုင်းနှိုင်းထားတာ (ဘာက ဂိမ်းထဲမှာ…ဘာက ပကတိလောကမှာ ခွဲခြားမရအောင်ရှုပ်ထွေးကုန်တာ)၊ ဥပမာအရကတော့ ဂိမ်းထဲမှာ လူတစ်ယောက်ကို သတ်မိတာ သွေးအေးအေးနဲ့ ထိုင်ကြည့်နေသလိုမျိုး ပကတိထိုင်ကြည့်နေမိတာမျိုး၊ လက်တွေ့ဘဝနဲ့ ကင်းကွာလာတာမျိုးကို ပြထားပါတယ်။ ဟိုတုန်းကတော့ စိတ်ကူးယဉ်ဇာတ်လမ်းပေမယ့် လက်ရှိကာလမှာတော့ ပြဿနာတကယ်ရှိလာပါပြီ။ နာမည်ကြီးတွေထဲက Willem Dafoe, Ian Holm, Don Mackellar တို့တွေ ဇာတ်ရံအနေနဲ့ ပါဝင်ထားပြီး ထုတ်လုပ်သူ၊ ဇာတ်ညွှန်းနဲ့ ဒါရိုက်တာကတော့ David Cronenberg ဖြစ်ပါတယ်။ အကောင်းဆုံးရုပ်ရှင်ဆု၊ တည်းဖြတ်ဆု နဲ့ အကောင်းဆုံး ဒါရိုက်တာဆုတွေရဖူးပြီး ဇကာတင် ၁၄ကြိမ် ဝင်ဖူးပါတယ်။ (SciFiမှာ Matrix ကို နောက်ကောက်ကျရတာများပါတယ်) အညွှန်းနှင့်ဘာသာပြန် TLone ဖြစ်ပါတယ်။ File size…(2 GB)/(993 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Action, Thriller, Science Fiction Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by T Lone
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 2 GB | Download | |
| 1080p | 2 GB | Download | |
| 1080p | 2 GB | Download | |
| 720p | 993 MB | Download | |
| 720p | 993 MB | Download | |
| 720p | 993 MB | Download |
ထုတ်လွှင့်သည့်နေ့
Invalid Date
ကြာချိန်
-
အဆင့်သတ်မှတ်ချက်
0.0 / 10
Director