
Eternally younger than those idiots (2021) “မင်းရဲ့စိတ်ဝိဉာဉ်နဲ့ ဖြစ်တည်မှုကို ကမောက်ကမဖြစ်အောင်လုပ်တဲ့သူတွေကြောင့် ဘယ်တော့မှ လက်လျှော့အရှုံးမပေးလိုက်ပါနဲ့။ သူတို့က တစ်နေ့ထက်တစ်နေ့ ပိုပြီးအိုမင်းလာ အားနည်းလာနေတာပါ။ မင်းကတော့ ဒီလူ့အန္ဓတွေထက် ထာဝရငယ်ရွယ်နုပျိုပါတယ်။” ဟိုရိဂအိ IMDb rating 7.1/10အထိရရှိထားပြီး dialogueတွေက လေးနက်မှုရှိနေတဲ့ ဒီကားလေးထဲမှာဆိုရင် ဟိုရိဂအိလို့ခေါ်တဲ့ တက္ကသိုလ်ကျောင်းသူက မကြာခင်ဘွဲ့ရတော့မှာဖြစ်ပြီး လုပ်စရာအလုပ်ကလည်း အသင့်ရှိနေပါပြီ။ ဒါပေမဲ့ နွေဦးရောက်မှ ဘွဲ့ရပြီးအလုပ်စလုပ်ရမှာမို့ ဖြုန်းစရာအချိန်တွေက ပိုနေပါတယ်။ သူလုပ်ရမဲ့အလုပ်က ကလေးသူငယ်စောင့်ရှောက်ရေးစင်တာမှာဖြစ်ပြီး ဒီအလုပ်ကိုလုပ်ရတဲ့ရည်ရွယ်ချက်ကလည်း ပျောက်ဆုံးနေတဲ့ကလေးတစ်ယောက်ကို တစ်နေ့မှာကယ်တင်နိုင်ဖို့ပါပဲ။ အလုပ်ကိုစောင့်ရင်း သူ့ဘွဲ့အတွက် စာတမ်းတစ်စောင်လည်း ပြုစုနေပါတယ်။ သူငယ်ချင်းတစ်ယောက်ကိုကူညီရင်းနဲ့ အိနိုဂိဆိုတဲ့ introvertသူငယ်ချင်းတစ်ယောက်လည်း ရလာခဲ့ပါတယ်။ သူတို့နှစ်ယောက်လုံးက ငယ်စဉ်ကအနိုင်ကျင့်ခံခဲ့ရတဲ့စိတ်ဒဏ်ရာကိုယ်စီကြောင့် လက်ရှိမှာလည်း ပေါင်းသင်းဆက်ဆံရေးခက်ခဲ့နေခဲ့ကြတာပါ။ ဒါ့ကြောင့် ဟိုရိဂအိက ကလေးစောင့်ရှောက်ရေးအလုပ်နဲ့မသင့်တော်ဘူးလို့ သူ့ကိုယ်သူထင်နေပါတယ်။ အိနိုဂိကတော့ ဖြစ်ရပ်ဆိုးတစ်ခုကြောင့် သေလုမျောပါးခံစားရပြီးမှ လွတ်မြောက်ခဲ့ရတဲ့ကောင်မလေးပါ။ သူတို့နှစ်ယောက်ရဲ့ တဖြည်းဖြည်းချင်းတိုးတက်လာတဲ့ ခင်မင်မှုနဲ့ စိတ်ပိုင်းဆိုင်ရာ အပြန်အလှန်မှီခိုမှု အကြောင်းကြည့်ရှုရမှာဖြစ်ပါတယ်။ ဟိုရိဂအိက သူရည်းစားတစ်ခါမှမထားရသေးဘဲ အပျိုဖြစ်နေသေးတာကို မကျေနပ်တဲ့သူပါ။ ဒါပေမဲ့ သူ့ရဲ့အဓိကပြဿနာလို့ထင်နေတဲ့အရာထက် ပိုပြီး အရေးကြီး တဲ့လုပ်စရာတွေလည်းအများကြီးရှိတယ်ဆိုတာကို ဟိုရိဂအိသိလာခဲ့ပါတယ်။ ရုန်းကန်နေရတာက ကိုယ်တစ်ယောက်တည်းမဟုတ်ဘဲ ကိုယ့်ထက်ပို ခက်ခဲတဲ့စိတ်ဓာတ်ကျစရာအခြေအနေနဲ့ ရှင်သန်နေရတဲ့သူတွေ ပုံမှန်မဟုတ်တဲ့ပြဿနာတွေနဲ့ရင်ဆိုင်ရတဲ့သူတွေ လည်းရှိနေပါသေးတယ်ဆိုတာပါပဲ။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Ingyin San ပါ ) File Size__(1.5GB) / (800MB) Quality__WEB-DL_1080p, 720p IMDb Rating__7.2/10 Format__mp4 Duration__01:58:00 Type__Drama Subtitle__Myanmar Subtitle (Hardsub) Translated by Ingyin San Encoded by Naing Aung Latt
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 1.5 GB | Download | |
| 1080p | 1.5 GB | Download | |
| 1080p | 1.5 GB | Download | |
| 1080p | 1.5 GB | Download | |
| 720p | 800 MB | Download | |
| 720p | 800 MB | Download | |
| 720p | 800 MB | Download | |
| 720p | 800 MB | Download |
ထုတ်လွှင့်သည့်နေ့
Invalid Date
ကြာချိန်
-
အဆင့်သတ်မှတ်ချက်
7.2 / 10
Director