
Enchanting Christmas (2024) IMDb Rating (6.3) ဘန်ဟာ ရေခဲပန်းပုထုသူတစ်ယောက်ဖြစ်ပြီး သမီးဖြစ်သူ အန်နီနဲ့အတူ မြို့လေးတစ်မြို့မှာ နေထိုင်သူပါ။ ခရစ္စမတ်နီးလာတဲ့တစ်နေ့မှာ ဘန်ဟာ သမီးဖြစ်သူအလိုကျ ရေခဲမင်းသမီးရုပ်လေးတစ်ရုပ်လုပ်ပေးခဲ့ပါတယ်။ ငယ်စဥ်ကတည်းက အမေဆုံးပါးသွားတဲ့ အန်နီဟာ သူ့အဖေထုဆစ်ပေးထားတဲ့ လှပလွန်းတဲ့ မင်းသမီးပန်းပုရုပ်ထုလေးကိုကြည့်ရင်း သူ့အဖေအထီးကျန်နေတာမကြည့် ရက်တာရယ် သူမလိုက်နိုင်တဲ့ သင်္ချာနဲ့ပတ်သက်လို့ ကူညီပေးဖို့ရယ် သူတို့သားအဖအတွက် သူငယ်ချင်းတယောက်အနေနဲ့လိုချင်ပါတယ်ဆိုပြီး ပန်းပုရုပ်ထုလေး အသက်ဝင်လာပါစေလို့ ဆုတောင်းမိလိုက်ပါတယ်။ နောက်တစ်နေ့မှာတော့ ပန်းပုရုပ်ထုလေးဟာ တစစီဖြစ်နေတာမြင်လို့ ဘန်က အန်နီကိုညကမုန်တိုင်းဝင်သွားလို့ဖြစ်ရမယ်ဆိုပြီး နှစ်သိမ့်ပေးခဲ့ရင်း အလုပ်ကိစ္စတခု အတွက် ထွက်သွားခဲ့ပါတယ်။ အဲဒီမှာ အန်နီဟာကျကွဲနေတဲ့ရေခဲတုံးတွေဘေးမှာ ခြေရာတွေရှိနေတာကိုသတိထားမိပြီး နောက်ယောင်ခံလိုက်ရင်း သူ့ဆုတောင်း ကတကယ်ဖြစ်လာတာကို မျက်ဝါး ထင်ထင်မြင်တွေ့ခဲ့ရပါတော့တယ်။ အဲဒီနောက်မှာတော့ အသက်ဝင်လာတဲ့မင်းသမီးလေးကို အန်နီက ဂျိတ်ဒ်ဖရော့စ်လို့အမည်ပေးရင်း အိမ်ကိုခေါ်လာခဲ့ကာ သူ့အဖေကိုတော့ ဂျိတ်ဒ်ဟာကျောင်းကဆရာ မတစ်ဦးဖြစ်ပြီး တိုက်ခန်းမှာရေယိုစိမ့်တဲ့ပြဿနာဖြစ်နေလို့ သွားစရာမရှိလို့ ခရစ္စမတ်ကာလမှာ ၃ ယောက်အတူတူယာယီနေရအောင်ဆိုပြီး သူ့အဖေကိုလိမ်လည် စည်းရုံးခဲ့ပါတယ်။ ခုချိန်မှာ အရာရာအဆင်ပြေချောမွေ့နေပေမယ့်လည်း ဂျိတ်ဒ်နဲ့ အန်နီတို့တွေ ခရစ္စမတ်စ်အပြီးမှာ ဘန်ကိုဘယ်လိုဆက်လိမ်ကြမလဲ ဒါမှမဟုတ် အမှန်အတိုင်းပဲပြောလိုက် ကြမလား။ ဂျိတ်ဒ်ကရော ဘန်တို့သားအဖနှစ်ယောက်နဲ့အတူ ဘယ်လိုတွေစခန်းသွားမလဲဆိုတာကို ပေါ့ပေါ့ပါးပါးဇာတ်လမ်းသွားလေးနဲ့ ကြည့်ရှုခံစားပေးကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Fiona Spalko ဖြစ်ပါတယ်။) File size…(1.8 GB) / (830 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy,Romance Duration….01:31:52 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Fiona Spalko
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 1.8 GB | Download | |
| 1080p | 1.8 GB | Download | |
| 1080p | 1.8 GB | Download | |
| 1080p | 1.8 GB | Download | |
| 720p | 830 MB | Download | |
| 720p | 830 MB | Download | |
| 720p | 830 MB | Download | |
| 720p | 830 MB | Download | |
| 720p | 830 MB | Download | |
| 720p | 830 MB | Download |