
ယခုတစ်ခေါက် CM ပရိသတ်တွေအတွက် ဖခင်မေတ္တာကို ခံစားစေရမဲ့ ရုပ်ရှင်လေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးက- ဆင်းရဲကျပ်တည်းနေပြီး လမ်းပျောက်နေတဲ့ မျက်လှည့်ဆရာ ဟယ်ထျန်းချိုင်ဟာ မွေးစားသမီးလေး ဟယ်ကျားကျားနဲ့အတူ ဆင်းရဲခက်ခဲသော်လဲ ကြိုးစားရှင်သန်နေသူ ဖြစ်ပါတယ်။ တစ်နေ့မှာ ကျားကျားရဲ့ အဖိုးအရင်းဖြစ်သူက ကျားကျားရဲ့ အုပ်ထိန်းခွင့်ကို ဟယ်ထျန်းချိုင်ဆီ ငွေ ၁၀ သိန်းပေးပြီး လာတောင်းပါတယ်။ ဟယ်ထျန်းချိုင်က သဘောမတူတဲ့အတွက် အဖိုးက ဟယ်ထျန်းချိုင်ကို တရားစွဲခဲ့ပါတယ်။ ဝင်ငွေ အတည်တကျမရှိတဲ့ ဟယ်ထျန်းချိုင်တစ်ယောက် ကျားကျားရဲ့ အုပ်ထိန်းခွင့်ကို ရဖို့အတွက် အလုပ်မျိုးစုံ လုပ်ရန် ကြိုးစားသော်လဲ မအောင်မြင်ခဲ့ပါဘူး။ မျော်လင့်ချက်ပျောက်နေတဲ့ ဟယ်ထျန်းချိုင်တစ်ယောက် လူတော်ရှိုးအစီအစဉ်ရဲ့ ကြော်ငြာကို တွေ့သွားတဲ့အခါ သူ့ရဲ့ မျက်လှည့်ပညာကို တစ်ဖန်ပြန်လည် အသုံးချနိုင်ဖို့ အခွင့်အရေး ရလာပါတယ်။ ဟယ်ထျန်းချိုင်တစ်ယောက် လူတော်ရှိုးရဲ့ ချန်ပီယံဆုကို ဆွတ်ခူးနိုင်မလား…… ငွေများ တရားနိုင်ဆိုသလို ကျားကျားရဲ့ အဖိုးကိုရော တော်လှန်နိုင်ပါ့မလား…… သူ့ရဲ့ အိမ်နီးချင်းတွေ သူတို့ သားအဖအပေါ်ထားတဲ့ စေတနာတွေ မေတ္တာတွေကိုလဲ ရုပ်ရှင်လေးကတစ်ဆင့် ခံစားကြည့်ရှုနိုင်ပါပြီ။
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 807 MB | Download | |
| 1080p | 807 MB | Download | |
| 1080p | 807 MB | Download | |
| 1080p | 807 MB | Download | |
| 1080p | 807 MB | Download | |
| 1080p | 807 MB | Download | |
| 480p | 398 MB | Download | |
| 480p | 398 MB | Download | |
| 480p | 398 MB | Download |
ထုတ်လွှင့်သည့်နေ့
Invalid Date
ကြာချိန်
-
အဆင့်သတ်မှတ်ချက်
5.9 / 10
Director