
IMDb - 7.4/10_____Rotten - 99% ဒီရုပ်ရှင်ကားဟာ ဆုပေါင်း ၆ ဆုလောက် ရထားတဲ့ ရုပ်ရှင်ဖြစ်ပြီး ဆုရဖို့ စကာတင် ၃ ခါ လောက် ရှိခဲ့ပါသေးတယ် အသက် ၁၃ နှစ်လောက်ပဲ ရှိသေးတဲ့ ကေလာဒေး ဆိုတဲ့ ၈ တန်းကျောင်းသူ ဆယ်ကျော်သက် ရဲ့ ဘဝ ဖြတ်သန်းမှု လေးကို ပုံဖော်ထားတာပါ ကေလာ မှာ သူ့ကို ချစ်ပေးမဲ့ အဖေသာ ရှိပြီး အမေ မရှိတော့ပါ ဒီတော့ ကာ တိုင်ပင်ရလောက်တဲ့ အနေအထားတစ်ချို့ အဖေဆီမှာ မရှိတဲ့ အတွက် အဖေက ဘယ်လိုပဲ အမေနေရာက ဂရုစိုက်စိုက် ကေလာ အတွက် တစ်ချို့ ကိစ္စတွေမှာ သင်ကြားပြသပေးမဲ့သူ မရှိပါဘူး ကေလာ ဟာ ရုပ်နည်းနည်းဆိုးပြီး ဗိုက်ပူပူ ခါးတုတ်တုတ် ကလေးမလေးပါ ဒါကြောင့် ကျောင်းမှာ သူဟာ အပယ်ခံလိုလို ဘာလိုလိုတွေ ဖြစ်ပြီး ကျောင်းရဲ့ ဆယ်လီတွေကြား သူ့ကိုကြိုက်မယ့် ကောင်လေးလဲ မရှိပါဘူး သူ့မှာ အဖော်ကောင်းဆိုလို့ သူပိုင်တဲ့ Youtube Channel လေး တစ်ခုရှိပါတယ် အဲ့ဒီမှာ သူတင်တဲ့ အကြောင်းအရာတွေက လူတစ်ယောက် ရဲ့ စိတ်နေစိတ်ထား ဘယ်လို လေ့ကျင့်ပြင်ဆင်ရမယ် ဘာညာတွေ လျှောက်ပြော လျှောက်လုပ်ပြ နေပေမဲ့ အပြင်က လက်တွေ့ ဘ၀ မှာတော့ သူက လူကြောက်တက်ပြီး လူတွေနဲ့ ခပ်ဝေးဝေး နေချင်သူ တစ်ယောက်သာ ဖြစ်နေခဲ့ပါတယ်.... ကေလာ အနေနဲ့ နောက်ဆုံးမှာ သူငယ်ချင်းတစ်ချို့ ထားကြည့်မယ် လူငယ်တွေ လုပ်နေကြ အရာတစ်ချို့ လုပ်မယ် ကစားပွဲတွေ ပါတီတွေ တက်မယ် ရည်းစားထားကြည့်မယ် လို့ ဆုံးဖြတ်ပြီး အကုန်လျှောက်လုပ်ဖို့ ဆုံးဖြတ်ပါတယ် ဒါပေမဲ့ သူလုပ်လိုက်တိုင်း အရာရာတိုင်း တလွဲတွေ ဖြစ်ဖြစ်သွားတာပါပဲ.... ဆယ်ကျော်သက် တစ်ယောက်ရဲ့ အလွဲလေးတွေ စိတ်တိုင်းမကျတာတွေက ကျနော်တို့လို့ ငယ်ဘ၀ ကို ပြန်သတိရစေပါတယ် ဒီဗီဒီယို ကိုသားသမီး အငယ်လေးတွေ ရှိတဲ့ မိဘတွေ လဲ ကြည့်သင့်ပါတယ်... ရုပ်ရှင်ကို ဘာသာပြန်ပေးထားတာကတော့ May Thu ဖြစ်ပြီး Thit San Khant မှ တင်ဆက်ပေးထားပါတယ်.... File Size - 673 MB Quality - Blu-Ray Rip 720p File Type - mp4 Duration - 01:33:00 Translator - May Thu Encoder - Thit San Khant
| Provider | Resolution | File Size | |
|---|---|---|---|
| 720p | Download |