
အချစ်ဆိုတာဘာလဲ ရယူခြင်းလား ပေးဆပ်ခြင်းလားလိုမေးလာရင်တော့ သေချာပါတယ် အဖြူနဲ့အမဲလို နှစ်ပါတီကွဲနေမှာပါပဲ။ ဒါပေမဲ့ သေချာတာတစ်ခုတော့ ဆက်ဆံရေးတစ်ခုကို အမြဲတမ်း ကိုယ်ကပဲရယူချင်တဲ့ အတ္တတစ်ခုတည်းနဲ့တော့ တည်ဆောက်လိုမရပါဘူး။ သိတတ်စအရွယ်ကတည်းက အမြဲနေမကောင်းနေတဲ့အမေက ခိုဆုခဲအတွက် လိုအပ်တဲ့မေတ္တာတွေ အပြည့်အဝမပေးနိုင်ခဲ့ပါဘူး။ အမေဆိုတဲ့ပေါင်းကူးတံတားလေးမရှိတော့ ခိုဆုခဲနဲ့သူ့အဖေကြားမှာလည်း နွေးထွေးမှုဆိုတာက ပျောက်ဆုံးနေတာပေါ့။ ဒီလိုနဲ့ပဲ 14 နှစ်အရွယ်မှာ အမေဆုံးသွားပြီးတဲ့နောက်မှာတော့ ကိုယ့်ရဲ့sexual orientation ကို ဖုံးပြီးမနေထိုင်ချင်တဲ့ခိုဆုခဲတစ်ယောက် 18 နှစ်မှာ တိုကျိုကိုထွက်သွားခဲ့ပါတယ်။ တစ်ချိန်က ရွာဇနပုဒ်က ခပ်စုတ်စုတ်ကောင်လေးက အခုချိန်မှာတော့ မဂ္ဂဇင်းအယ်ဒီတာဖြစ်ပြီး ကောင်းမွန်တဲ့ဘဝကို ဖြတ်သန်းနေတဲ့အပြင် သူငယ်ချင်းဂေးတွေနဲ့တူတူ အစွမ်းကုန်ပွင့်လန်းနေတာပေါ့။ အရာရာပြည့်စုံစပြုနေပေမဲ့ ချစ်ခြင်းမေတ္တာငတ်နေတဲ့ ခိုဆုခဲရဲ့ဘဝထဲကို ငယ်ငယ်ချောချော တောင့်ဖြောင့်နေတဲ့ အားကစားtrainerလေး ရုတ ဝင်ရောက်လာတဲ့အခါ…. ချစ်ခြင်းမေတ္တာဆိုတာကို နားမလည်တဲ့ခိုဆုခဲတစ်ယောက် ရုတဆိုတဲ့ကောင်လေးကို သူ့ဘဝမှာလက်ခံဖိုအတွက် ချစ်တတ်ဖို ဘယ်လိုသင်ယူသွားမလဲ။ ရုတလေးကရော မချစ်တတ်သူကြီးရဲ့ ကျောက်ဆစ်နှလုံးသားကို အရည်ဖျော်ရင်း အားကစားလေ့ကျင့်ပေးရင်းနဲ့ အချစ်သင်ခန်းစာကိုပါ ပိုချပေးသွားနိုင်မလားဆိုတာ ရှုစားလိုက်ရအောင်ပါ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Mary Christ ပဲ ဖြစ်ပါတယ်။ File size_(2.3GB)/(1GB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_02:00:00 Genre_BL, Drama Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Mary Christ