
Ee Saraina (2025) “ရည်ရွယ်ရာလမ်း…” ဒီတစ်ခါမှာတော့ ကျေးလက်သဘာ၀ကိုကြည့်ရှုခံစားရမဲ့ တေလဂူစကားပြော ဒရာမာဇာတ်လမ်းတစ်ပုဒ်ကို တင်ဆက်ပေးချင်ပါတယ်။ ရာဂျူးဟာ ဘွဲ့ရပြီး အစိုးရအလုပ်ရဖို့ အကြောင်းကြားစာစောင့်ဆိုင်းနေတဲ့ လူငယ်တစ်ယောက်ပါ။ ၀င်ခွင့်စာမေးပွဲတွေ ၀င်ဖြေခဲ့ပေမဲ့ တစ်ခုမှမအောင်ခဲ့ပါဘူး။ ရွာမှာလယ်ပိုင်ယာပိုင်ဖြစ်ပေမဲ့ ပတ်၀န်းကျင်ရဲ့ဖိအားကြောင့် အစိုးရအလုပ်ရရှိရေးကို 0အသည်းအသန်မျှော်လင့်နေခဲ့ပါတယ်။ ပိုဆိုးတာက သူကြိုက်နေတဲ့ ဆီရီရှာဆိုတဲ့ ကောင်မလေးက ရွာမှာ အစိုးရ၀န်ထမ်းကျောင်းဆရာမလေး ဖြစ်နေတာပါပဲ။ ရွာကသက်ကြီးပိုင်းတွေက သူနဲ့ဆီရီရှာကို နှိုင်းပြောတတ်ကြသလို ဆီရီရှာ့အဖေကြီးကလည်း အစိုးရအလုပ်ကိုမှ အထင်ကြီးသူပါ။ ဒီလိုနဲ့ ဘွဲ့ရအလုပ်လက်မဲ့လေး ရာဂျူးတစ်ယောက် သူမျှော်နေတဲ့အစိုးရအလုပ် ရပါ့မလား၊ သူ့အချစ်ရေးကရော အဆင်ပြေပါ့မလား ဆိုတာကို… ဟာသလေးတွေနှောပြီး ကြည့်ရှုကြရမှာမို့ စိတ်အပန်းပြေစေမဲ့ ဇာတ်လမ်းတစ်ပုဒ်အဖြစ် ညွှန်းပေးလိုက်ပါရစေ။ (ဒီဇာတ်လမ်းအတွက် အညွှန်းနဲ့ဘာသာပြန်တွေကတော့ Cym~KKKZ~ZweYan~Alex ဖြစ်ပါတယ်။)
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 1.6 GB | Download | |
| 1080p | 1.6 GB | Download | |
| 1080p | 1.6 GB | Download | |
| 1080p | 1.6 GB | Download | |
| 720p | 800 MB | Download | |
| 720p | 800 MB | Download | |
| 720p | 800 MB | Download | |
| 720p | 800 MB | Download | |
| 720p | 800 MB | Download | |
| 720p | 800 MB | Download |