
၂၀၁၃ မှာ အက်ဒဝပ်စနိုးဒင်က အမေရိကန်အမျိုးသားလုံခြုံရေးအေဂျင်စီ (NSA)ရဲ့ လျှို့ဝှက်ဖိုင်တွေနဲ့ သူလျှိုအရှုပ်တော်ပုံတွေ လူ့အခွင့်အရေးနဲ့မညီတဲ့ ထောက်လှမ်းမှုတွေအကြောင်းကိုဖွင့်ချခဲ့ပြီး တစ်ကမ္ဘာလုံးကို အုတ်အော်သောင်းတင်းဖြစ်စေခဲ့ပါတယ်။ ဒီဇာတ်ကားက စနိုးဒင်အဖြစ်အပျက်မတိုင်မီ ၂၀၀၉ မှာထွက်ရှိခဲ့တဲ့ Action /Thriller အမျိုးအစားဖြစ်ပြီး နောက်လေးနှစ်အကြာမှာ စနိုးဒင်ဖွင့်ချခဲ့တဲ့ NSA ရဲ့ထောက်လှမ်းမှုတွေနဲ့ဆင်တူတဲ့အကြောင်းအရာတွေကို စိတ်ကူးယဥ်ဖော်ပြထားတာတွေ့ရပါတယ်။ ဇာတ်လမ်းအကျဥ်းကတော့ မက်စ်ပီတာဆန်က ကွန်ပျူတာအင်ဂျင်နီယာတစ်ဦးဖြစ်ပြီး ဘန်ကောက်မှာ အလုပ်ကိစ္စနဲ့ ခေတ္တနေထိုင်စဥ်မှာ အမည်မသိတစ်စုံတစ်ယောက်က ပေးပို့လိုက်တဲ့ဆဲလ်ဖုန်းတစ်လုံးရရှိခဲ့ပါတယ်။ မကြာခင် အဲဒီဖုန်းကို message ဝင်လာပြီး ညနေ ပီတာဆန် စီးမဲ့လေယာဥ်ကိုမစီးဖို့ပြောပါတယ်။ နောက်နေ့မှာ အဲဒီလေယာဥ်ပျက်ကျသွားတာကို မက်စ်သိလိုက်ရတဲ့အချိန်မှာ နောက်ထပ် message ဝင်လာပါတယ်။ စတော့ရှယ်ယာဝယ်ဖို့တိုက်တွန်းတာဖြစ်ပြီး ဝယ်ခိုင်းတဲ့ရှယ်ယာတန်ဖိုးက မကြာခင် 300% ကျော်အထိထိုးတက်သွားပါတယ်။ ထို့နောက်မှာပြောသမျှအကုန်မှန်နေတဲ့ ဒီထူးဆန်းတဲ့ message တွေက သူ့ကို ချက်နိုင်ငံ ပရဂ်မြို့ကိုသွားပြီး လောင်းကစားလုပ်ဖို့ညွှန်ကြားပါတော့တယ်။ ဒီလိုနဲ့ မက်စ်တစ်ယောက် အမည်မသိသူတစ်ဥိီးရဲ့ ညွှန်ကြားချက်အတိုင်းလိုက်နာပြီး ပရဂ်ကိုရောက်ရှိချိန်မှာတော့ သူတစ်ခါမှမကြုံဖူး မပတ်သက်ဖူးတဲ့ လူတွေနဲ့တွေ့ကြုံရပြီး ရှုပ်ထွေးတဲ့ပြဿနာတစ်ခုရဲ့အလယ်ကို ရောက်နေမှန်းသိလိုက်ရပါတော့တယ်။ Message တွေပို့နေတာ ဘယ်သူလဲ ဘာကြောင့်အရာအားလုံးကိုသိနေတာလဲ ဘာအကြံနဲ့ပို့နေတာလဲဆိုတာကို မက်စ်တစ်ယောက်အဖြေရှာရတော့မှာဖြစ်ပါတယ်။ ဇာတ်လမ်းက အက်ရှင် Thriller နဲ့ Sci-fi အမျိုးအစားလို့ပြောလို့ရပြီး ဇာတ်အိမ်သွက်သွက်နဲ့ ကြည့်ပျော်တဲ့ဇာတ်ကားဖြစ်ပါတယ်။ အက်ရှင်ဆိုပေမဲ့ ပစ်ခတ်ခန်း သိပ်မပါဘဲ စုံထောက်ဖက်ကိုအားပြုထားတယ်လို့ဆိုနိုင်ပါမယ်။ Action Thriller ပရိတ်သတ်တွေ အကြိုက်တွေ့နိုင်တဲ့ဇာတ်ကားမျိုးပါ။ File size…(1.9 GB)/(966 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:45:00 Genre…Action, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by wolfemhein
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 1.9GB | Download | |
| 1080p | 1.9GB | Download | |
| 1080p | 1.9GB | Download | |
| 1080p | 1.9GB | Download | |
| 720p | 966MB | Download | |
| 720p | 966MB | Download | |
| 720p | 966MB | Download | |
| 720p | 966MB | Download | |
| 720p | 966MB | Download |
ထုတ်လွှင့်သည့်နေ့
Invalid Date
ကြာချိန်
-
အဆင့်သတ်မှတ်ချက်
0.0 / 10
Director