
Eat, Pray, Love (2010) 2010 တုန်းကထွက်ရှိထားပြီး မင်းသမီး Julia Roberts ခေါင်းဆာင်မင်းသမီးအဖြစ် ပါဝင်ထားတဲ့ Eat Pray Love ဆိုတဲ့ Romantic drama ဇာတ်ကားတင်ဆက်ပေးလိုက်ပါတယ်။ ဘဝမှာ ကိုယ်တကယ်တမ်းဘာလိုချင်မှန်းမသိပဲ သေသွားခဲ့ကြတဲ့သူတွေအများကြီးပါ။ ငါမသေခင်လေး ဒါလေးစားဖူးချင်လိုက်တာ၊ ဒီနေရာလေးရောက်ဖူးချင်လိုက်တာ၊ သူနဲ့သာစကားပြောဖြစ်ခဲ့ရင် ဆိုတဲ့ အရာတွေအများကြီးကို နောင်တရ မနေချင်ရင်တော့ ကိုယ်တကယ်တမ်း ဘာကိုလိုချင်လဲ ကိုယ့်ကိုကိုယ် ဘယ်သူလဲဆိုတာ အဖြေရှာရမှာပဲဖြစ်ပါတယ်။ ယခုဇာတ်ကားလေးကလဲ ကိုယ်တကယ်အလိုရှိတာဘာလဲ ကိုယ်ကဘယ်လိုလူလဲဆိုတာ အဖြေရှာနေတဲ့ အမျိုးသမီးတစ်ယောက်အကြောင်းပါ။ ဇာတ်လမ်းအကျဉ်းလေးကတော့ အယ်လိဇဘတ် လစ်ဇ် ဂေးလ်ဘတ် ဆိုတဲ့အမျိုးသမီးတစ်ယောက်ဟာ အောင်မြင်တဲ့ စာရေးဆရာမတစ်ယောက်ဖြစ်တဲ့အပြင် အိမ်ထောင်သက် ၈ နှစ်ရှိပြီဖြစ်တဲ့ အမျိုးသမီးတစ်ယောက်ပါ။ ဒါပေမဲ့ သူ့ဘဝဟာလမ်းပျောက်နေခဲ့ပြီး သူတကယ်တမ်း ဘာလိုချင်လဲ သူ့ရဲ့စိတ်ဆန္ဒက ဘာကိုအလိုရှိလဲဆိုတာ အမြဲရှာဖွေနေတဲ့သူတစ်ယောက်။ ဒါပေမဲ့ သူဟာအမြဲကိုယ်လိုချင်တာကိုရှာမတွေ့ခဲ့ပါဘူး။ ဒါနဲ့ပဲ သူရဲ့အေးစက်နေတဲ့အိမ်ထောင်ရေးကို ကျောခိုင်းခဲ့ပြီး သူတကယ်တမ်းအလိုရှိတာ ဘဝမှာဖြစ်ချင်တာတွေကို ရှာဖွေဖို့ နေရာ ၃ နေရာကိုခရီးထွက်ပြီး ရှာဖွေပါတော့တယ်။ အီတလီ၊ အိန္ဒိယနဲ့ ဘာလီ ဆိုတဲ့ နေရာ ၃ ခုမှာ သူလိုချင်တဲ့ အရာတွေကို ရှာဖွေပါတော့တယ်။ ဒီနေရာ ၃ ခုကနေ ဘာတွေရှာဖွေတွေ့ရှိမယ်ဆိုတာ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ အညွှန်းနဲ့ဘာသာပြန်ကတော့ Khant Zaw Hein ပဲ ဖြစ်ပါတယ်။ Genre….. Biography, Dram, Romance Quality…. 1080p | 720p File size… 2.2GB | 1.2GB Format… mp4 Duration…. 2h 13min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Khant Zaw Hein Encoder ….. Aaron
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 2.4GB | Download | |
| 1080p | 2.4GB | Download | |
| 1080p | 2.4GB | Download | |
| 1080p | 2.4GB | Download | |
| 720p | 1.2GB | Download | |
| 720p | 1.2GB | Download | |
| 720p | 1.2GB | Download | |
| 720p | 1.2GB | Download | |
| 720p | 1.2GB | Download | |
| 720p | 1.2GB | Download |
ထုတ်လွှင့်သည့်နေ့
Invalid Date
ကြာချိန်
-
အဆင့်သတ်မှတ်ချက်
5.8 / 10
Director