
Heartbeats, Avant le crash, Virage – Double Faute, An Eye for Beautyတို့နဲ့ လူသိများတဲ့ Eric Bruneau က main character အနေနဲ့ ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒါ့အပြင် ဗီလိန်နေရာကိုလည်း I Killed My Mother, Lac Mystère, Québec-Montréal, Gabrielleတို့နဲ့ ကျော်ကြားလာတဲ့ Benoît Gouinက သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းလေးကတော့ မွန်ထရီးရယ်မှာ လူတိုင်း ဖိန့်ဖိန့်တုန်အောင် ကြောက်ရတဲ့ လုပ်ကြံရေးသမား ဒေါ်နယ်လဗွိုင်းရဲ့ဘဝဇာတ်ကြောင်းကို ficလေးတွေနဲ့ရောပြီး ကြည့်လို့ကောင်းအောင် တင်ဆက်ပေးထားပါတယ်။ လု့ဒ်ဒူဘွားကတော့ ရဲတွေတောင် မဖမ်းနိုင်တဲ့ နယ်မြေပေါင်းများစွာပိုင်ဆိုင်တဲ့လူမိုက်ခေါင်းဆောင်ကြီးဖြစ်ပါတယ်။ ဒေါ်နယ်က လု့ဒ်ဒူဘွားရဲ့သစ္စာခံ လုပ်ကြံရေးသမားလေးပါ။ လု့ဒ်အတွက်ဆို ဒေါ်နယ်က ၂ခါတောင် ပြန်မစဥ်းစားဘဲ သတ်လေ့သတ်ထရှိသူပါ။ ဒါပေမယ့် တစ်ခုရှိသွားတာက ဒေါ်နယ်မှာ ကာလ်လို့ခေါ်တဲ့ ညီတစ်ယောက်ရှိပါတယ်။အဲညီက ဒေါ်နယ့် ညီလို့ မထင်ရအောင် တကယ်ကိုပြဿနာရှာတဲ့ကောင်ပါ။ ဒီလိုနဲ့ လုဒ့်က ကာလ်က သူ့နယ်မြေထဲမှာ ဆေးလာရောင်းနေတယ်ဆိုပြီး ဒေါ်နယ်ကို လုပ်ကြံခိုင်းလိုက်ပါတယ်။ ကာလ်က ဘယ်လိုတွေ ပြဿနာထပ်ရှာသေးလဲ၊ ကာလ်ကြောင့် ဒေါ်နယ် ဘယ်လိုဒုက္ခရောက်မလဲ၊ ဒေါ်နယ်က လု့ဒ်ဒူဘွားခိုင်းသလို သူ့ညီကို သတ်မှာလား။ အစရှိတာတွေကို Crime/Thrillerအမျိုးစားပုံစံနဲ့ကြည့်ရှု့ရမှာဖြစ်ပါတယ်။ အညွှန်းနဲ့ဘာသာပြန်သူက Minn Khant Kyi Win ဖြစ်ပါတယ်။ File size…(1.5 GB)/(750 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:45:00 Genre… Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Min Khant Kyi Win