
~ IMDb - 6.7/10, Rotten Tomatoes - 69% ~ ဒီကားက Three... Extremes ဆိုတဲ့ ဟောင်ကောင် ဂျပန်နဲ့ ကိုရီးယားနဲ့ ထိုင်းက Horror Thriller ဒါရိုက်တာတွေ စုပြီးရိုက်တဲ့ကားမှာပါတဲ့ Fruit Chan ရိုက်ခဲ့တဲ့ ဇာတ်လမ်းတိုကို ပြန်ရိုက်ထားတာပေါ့။ ကင်ဂျီးဝန်၊ ပတ်ချန်းဝု၊ တခဲရှိမိုက်၊ ပီတာချန်းတို့လိုလူတွေတောင်ပါတယ်။ ဒီကားကတော့ Fruit Chan ရဲ့ အပိုင်းတိုကို အရှည်ပြန်ရိုက်ထားတာသက်သက်ပါပဲ။ ထူးတာက ဒါရိုက်တာတွေတင် လန်းတာမဟုတ်ဘဲ စီနီမာတိုဂရပ်ဖာကိုလည်း ဟောင်ကောင်ရုပ်ရှင်ဖန်တိုင်းသိကြမယ့် ခရစ္စတိုဖာဒွိုင်းကို သုံးပေးထားတယ်။ Fruit Chan ရဲ့ ဒီအရှည်ပြန်ရိုက်ထားတဲ့ကားမှာလည်း ဒွိုင်းပဲ စီနီမာတို ပြန်ကိုင်ထားတယ်။ Three Husbands တို့၊ Made in Hong Kong တို့ရဲ့ ဒါရိုက်တာ Fruit Chan ရဲ့ Extreme ဖြစ်တဲ့ကားဆိုတော့ ဒီလိုကားမျိုးတွေ သဘောကျတဲ့လူတွေအတွက် ရွှေပါပဲ။ မိန်းမသားတွေအတွက် ငယ်ရွယ်နုပျိုလှပမှုဟာ သိပ်ကို အရေးပါပါတယ်။ အထူးသဖြင့် အိမ်ထောင်သည် အမျိုးသမီးတွေပေါ့။ ဇရာကတမျိုး အိမ်ထောင်မှုက တစ်ဖုံနဲ့ အိုမင်းရင့်ရော်ပြီး နုပျိုမှုတွေပျောက်ဆုံးလာတဲ့ အိမ်ထောင်သည်အမျိုးသမီးတွေမှာ တွေ့ရအများဆုံး ပြဿနာက ကိုယ့်လင်ယောက်ျားရဲ့ ဖောက်ပြန်ခြင်းပါပဲ။ ဒီဇာတ်လမ်းမှာလည်း လျှမ်းလျှမ်းတောက် အောင်မြင်ခဲ့တဲ့ သရုပ်ဆောင်မင်းသမီးတစ်လက်ဟာ အိမ်ထောင်ကျပြီးနောက်မှာ လင်ယောကျာ်းရဲ့ သစ္စာဖောက်ခြင်းကို အကြိမ်ကြိမ်ခံနေရတယ်။ ကိုယ့်ရဲ့ နုပျိုမှုတွေပျောက်ဆုံးခြင်းကြောင့် ဖြစ်ရလေခြင်းလို့ ခံယူထားတဲ့ လီကတော်ဟာ နည်းလမ်းမျိုးစုံကို အသည်းအသန်ရှာဖွေပါတော့တယ်။ ဒီအချိန်မှာ ထူးခြားတဲ့ဖက်ထုပ်ရောင်းတဲ့ ဒေါ်ကြီးမေကို ရှာတွေ့သွားတယ်။ ဒေါ်ကြီးမေဟာ အသက်အရွယ်နဲ့မလိုက်အောင် နုပျိုလွန်းနေတော့ သူရဲ့ဖက်ထုပ်ကို မြည်းစမ်း စားသောက်ကြည့်ပါတော့တယ်။ သူ့ရဲ့ ဖက်ထုပ်ဟာ ဘာထူးခြားတဲ့ ပါဝင်ပစ္စည်းတွေပါဝင်နေလဲဆိုတာတော့ ပရိသတ်တို့ ကိုယ်တိုင်သာ ဆက်လက်ရင်ခုန်လိုက်ပါတော့... (ဒီဇာတ်ကားနဲ့အညွှန်းကို Mugiwara Ya မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.9GB, 730MB Quality - 1080p, 720p IMDb Rating - 6.7/10 Format - mp4 Duration - 1H 31Min Genre - Drama, Horror Subtitle - Myanmar Subtitle (Hardsub) Translated by Mugiwara Ya Encoded by Y
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 1.9GB | Download | |
| 720p | 730MB | Download | |
| 1080p | 1.9GB | Download | |
| 720p | 730MB | Download |
ထုတ်လွှင့်သည့်နေ့
August 19, 2004
ကြာချိန်
1h 31m
အဆင့်သတ်မှတ်ချက်
6.7 / 10
Director
Fruit Chan