
ဒီဇာတ်ကားက တိရစ္ဆာန်လေးတွေကို ချစ်မြတ်နိုးသူတွေ အတော် သဘောကျမယ့် ဇာတ်ကားလေးပါ။ ဒါပေမဲ့ ခါတိုင်းလို ခွေးလေး၊ ကြောင်လေးတွေရဲ့ ဇတ်လမ်းမျိုးမဟုတ်ဘဲ အိမ်မွေးတိရစ္ဆာန်လို ဖြစ်နေတဲ့ ချီတာကျားသစ်လေးတစ်ကောင်အကြောင်းပါ။ IMDb 7.2နဲ့ RT 95% ရထားပါတယ်။ ဇန်ဆိုတဲ့ကောင်လေးရဲ့ အိမ်မှာ လသားလေး အရွယ်ကတည်းက ရောက်ရှိနေတဲ့ ဒူးမားဆိုတဲ့ကျားသစ်လေးကို တစ်အိမ်လုံးဝိုင်းပြီး ချစ်ခင်ကြသလို သူကိုယ်တိုင်လည်း အိမ်မွေးတိလေးတစ်ကောင် လိုမျိုး အရမ်းယဉ်ပါးတဲ့ ကောင်လေးတစ်ကောင် ဖြစ်နေတာပါ။ ဒါပေမဲ့ ဇန်ရဲ့ဖခင်ဖြစ်သူ ဆုံးပါးပြီးနောက် သူတို့မိသားစုရဲ့အိမ်မှ မြို့ပေါ်ကို ပြောင်းရွှေ့နေထိုင်ရချိန်မှာတော့ ဘယ်လိုပဲ လူယဉ်တဲ့ တိလေးဖြစ်နေပါစေ၊ ကျားသစ်က ကျားသစ်၊ သားရဲက သားရဲပဲ ဖြစ်လို့ ခေါ်ထားဖို့အဆင်မပြေတဲ့ အခြေအနေဖြစ်လာပါတယ်။ ဒါကြောင့်ပဲ ဇန်က သူကိုယ်တိုင် ဒူးမားလေးကို စတွေ့ခဲ့တဲ့တောထဲ ပြန်ပို့ပေးဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ ဒီဇာတ်ကားလေးထဲမှာ ဇန်နဲ့ ကျားသစ်လေး ဒူးမားတို့ရဲ့ သံယောဇဉ်တွေ၊ သူတို့ကြုံရမယ့် အခက်အခဲပေါင်းများစွာနဲ့ စွန့်စားမှုတွေကို ကြည့်ရှုခံစားရမှာပါ။ ချစ်ဖို့ကောင်းတဲ့ တိကားလေးဖြစ်လို့ မိသားစုနဲ့အတူတူကြည့်ရှုဖို့ အဆင်ပြေမယ့် ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ File size…2.85 GB / 1.24 GB Quality…WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 40m Genre ….. Adventure , Drama , Family Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JimX
| Provider | Resolution | File Size | |
|---|---|---|---|
| 1080P | 2.85GB | Download | |
| 1080P | 2.85GB | Download | |
| 1080P | 2.85GB | Download | |
| 1080P | 2.85GB | Download | |
| 1080P | 2.85GB | Download | |
| 720P | 1.24GB | Download | |
| 720P | 1.24GB | Download | |
| 720P | 1.24GB | Download | |
| 720P | 1.24GB | Download | |
| 720P | 1.24GB | Download |
ထုတ်လွှင့်သည့်နေ့
Invalid Date
ကြာချိန်
-
အဆင့်သတ်မှတ်ချက်
7.2 / 10
Director