
အခုတစ်ခါ Dream Girls ဆိုတဲ့ ဂီတရုပ်ရှင်တစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ် ဂီတရုပ်ရှင်ဆိုတဲ့အတိုင်း တကားလုံးမှာ သီချင်းတွေတစ်ဝကြီးနားဆင်ပြီးကြည့်ရှုရမှာဖြစ်ပါတယ် သရုပ်ဆောင်တွေကလည်း Beyonce’ တို့ Jennifer Hudson တို့လို နာမည်ကြီးအဆိုတော်တွေအပြင် Jamie Fox တို့ရော နာမည်ကြီးတွေပါဝင်ထားတာဖြစ်ပါတယ် Beyonce’ ရဲ့ နာမည်ကျော်သီချင်းဖြစ်တဲ့ ”Listen” ကို ဒီဇာတ်ကားအတွက်သီဆိုခဲ့တာဖြစ်ပါတယ် ဇာတ်လမ်းလေးကတော့ အဆိုတော်ဖြစ်ချင်တဲ့ အိပ်မက်ရှိတဲ့ အက်ဖီ, ဒီနာနဲ့လော်ရယ်တို့သူငယ်ချင်းသုံးယောက်ဟာ ဒရင်းမက်စ်ဆိုတဲ့ နာမည်နဲ့ အဖွဲ့လိုက်သီချင်းပြိုင်ပွဲတွေမှာ ယှဉ်ပြိုင်ကြပါတယ် တရက်မှာတော့ ကားတစ်တေလာဆိုတဲ့ပရိုဂျူဆာတစ်ယောက်က သူတို့သုံးယောက်ရဲ့ အဆိုပါရမီကိုသိရှိသွားပြီး သူတို့ကို ဒရင်းမ်စ်အဖွဲ့ဆိုတဲ့နာမည်နဲ့မြေတောင်မြှောက်ပေးပါတော့တယ် အဆိုတော်အနေနဲ့အောင်မြင်ဖို့ကိုမျှော်လင့်ခဲ့ရပြီး တကယ်တမ်းအောင်မြင်လာတဲ့အချိန်မှာတော့ အကြောင်းအမျိုးမျိုးနဲ့ သူတလူငါတမင်းနဲ့စိတ်ဝမ်းကွဲလာကြပါတယ် အကြောင်းကတော့ အရင်က သူတို့အဖွဲ့မှာ အက်ဖီက ခေါင်းဆောင်နေရာကသီဆိုလေ့ရှိပြီး ကျန်တဲ့ ဒီနာနဲ့လော်ရယ်တို့က နောက်လိုက်အနေနဲ့ဆိုရပါတယ် ဒါကို ကားတစ်က အက်ဖီကို ဖယ်ပြီး ဒီနာကိုခေါင်းဆောင်နေရာပေးပြီး ဆိုခိုင်းတဲ့အခါ သူတို့အဖွဲ့လေးမှာ သဘောထားမတိုက်ဆိုင်တာတွေ မနာလိုမှုတွေရှိလာပြီး အဲ့ဒါတွေအပြင် ကားတစ်တေလာနဲ့ နှလုံးသားရေးရာတွေပါ ပက်သက်လာတဲ့အခါ သူတို့ရဲ့ ဒရင်းမ်စ်အဖွဲ့လေးဟာ အောင်မြင်မှုကို ရေရှည်ခံနိုင်ပါ့မလား ဘယ်လိုအခက်အခဲတွေနဲ့ရင်ဆိုင်ရမလဲ ဒါ့အပြင် သူတို့ဟာ လူမည်းတွေဖြစ်တာကြောင့် လူဖြူတွေရဲ့ကြားမှာ အရာဝင်အောင် ဘယ်လိုခက်ခက်ခဲခဲနဲ့ကြိုးစားရမလဲဆိုတာကြည့်ရှုရမှာဖြစ်ပါတယ် ဒီဇာတ်ကားလေးဟာ အဆိုတော်တွေနဲ့ရိုက်ကူးထားပြီး ဇာတ်ကားကြည့်ရင်းသီချင်းတွေကိုပါတဝကြီးနားဆင်နိုင်မှာဖြစ်ပါတယ်။ File size…(2.4 GB)/(1.2 GB) Quality….Webrip 1080p / 720p Format…mp4 Duration….02:10:00 Genre…Drama, Music, Musical Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Ruby Jane
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 2.4 GB | Download | |
| 1080p | 2.4 GB | Download | |
| 1080p | 2.4 GB | Download | |
| 1080p | 2.4 GB | Download | |
| 720p | 1.2 GB | Download | |
| 720p | 1.2 GB | Download | |
| 720p | 1.2 GB | Download | |
| 720p | 1.2 GB | Download | |
| 720p | 1.2 GB | Download |
ထုတ်လွှင့်သည့်နေ့
Invalid Date
ကြာချိန်
-
အဆင့်သတ်မှတ်ချက်
6.6 / 10
Director