
King Arthur, Merlin တို့လို အနောက်တိုင်းပဒေသရာဇ်ခေတ် မြင်းစီးစစ်သူရဲတွေရဲ့ စွန့်စားခန်းတွေ၊ Dragonနဲ့ပတ်သက်တဲ့ စွန့်စားခန်းတွေဟာဆိုရင် ဘယ်ခေတ်၊ ဘယ်အချိန်မှာမှ ရိုးအီသွားမှာမဟုတ်တဲ့ ဇာတ်လမ်းတွေပဲ ဖြစ်ပါတယ်။ အခုလည်း၂၀၂၂ထုတ် Fantasy Adventure ဇာတ်လမ်းအသစ်လေးကို တင်ဆက်ပေးလိုက်ပါတယ်။ လွန်ခဲ့တဲ့နှစ်ပေါင်း၂၀၀ခန့်က အဒ်ဘန်ဒန်ဆိုတဲ့ မိစ္ဆာတစ်ကောင်က လူ့လောကကို အမှောင်တိုက်သွင်းဖို့ ရောက်ရှိလာခဲ့ပါတယ်။ ဒီမကောင်းဆိုးဝါးကိုချေမှုန်းဖို့ ငါးပြည်ထောင်သော မဟာမိတ်တွေ၊ နဂါးတွေနဲ့ နဂါးစစ်သည်တော်တွေပါ စုစည်းတိုက်ခိုက်ခဲ့ပေမယ့် အဒ်ဘန်ဒန်နဲ့ သူ့စစ်တပ်အစွမ်းကို မယှဉ်နိုင်တာကြောင့် နဂါးတွေလည်းသေ၊ နဂါးစစ်သည်တော်အဖွဲ့လည်း မရှိတော့ဘဲ တိုင်းပြည်အားလုံး အဒ်ဘန်ဒန်ကို သစ္စာခံလိုက်ရပါတယ်။ ဘရေဒန်ဆိုတာကတော့ ပြိုကွဲသွားတဲ့နဂါးစစ်သည်တော်အဖွဲ့ရဲ့ နောက်ဆုံးကျန်ရစ်သူပါ၊ သူဟာ ဖခင်ဖြစ်သူရဲ့ စိတ်ဓါတ်ကို အမွေဆက်ခံရင်း အဒ်ဘန်ဒန်ကို ချေမှုန်းဖို့ အမြဲကြိုးပမ်းနေသူပေါ့။ သူ့ရဲ့အကြံက လွန်ခဲ့တဲ့ နှစ်၂၀၀တည်းက ပျောက်ဆုံးသွားတဲ့ နဂါးတွေကို လိုက်ရှာရင်း နဂါးတွေ အကူအညီနဲ့ အဒ်ဘန်ဒန်ကို အနိုင်ယူပစ်ဖို့ပါ၊ သူ့ရဲ့နဂါးရှာပုံတော်အတွင်း မိတ်ဆွေသစ် တွေရလာပြီး တူတူစွန့်စားခန်းဖွင့်ပါတော့တယ်၊ သူတို့လိုက်ရှာနေတဲ့ နဂါးကို ရှာတွေ့မှာလား၊ အဒ်ဘန်ဒန်တို့ကို သူတို့အနိုင်ယူနိုင်မှာလားဆိုတာ ပေါ့ပေါ့ပါးပါးကြည့်ရှုရမှာပါ။ (ဇာတ်ကားနဲ့အညွှန်းကို DK မှ ပြန်ဆိုရေးသားထားပါတယ်) Size - 1.3GB, 600MB Quality - 1080p, 720p Format - mp4 Duration - 1H 38Min Genre - Fantasy Subtitle - Myanmar Subtitle (Hardsub) Translated by DK Encoded by Y
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | Download | ||
| 1080p | Download | ||
| 720p | Download | ||
| 720p | Download |