
သိပ္ပံပညာရှင်တွေဟာ လူ ဦးရေ ထူထပ်မှုပြဿနာကို လူတွေကို ၅ လက်မအရွယ်အစား လောက်ဖြစ်အောင် ချုံ့ပစ်တဲ့အ စီအစဉ်နဲ့ဖြေရှင်းခဲ့ရာမှာ ကြုံရ မယ့် အခြေအနေလေးတွေကို တင်ဆက်ထားတာဖြစ်ပါတယ်။ ပေါလ်နဲ့အော်ဒရေတို့ဟာ ငွေရေးကြေးရေးမပြေလည်မှုတွေ ကြုံ နေရတဲ့ဇနီးမောင်နှံပါ။ ကျောင်းသားဟောင်း စုံညီပွဲတစ်ခုကိုတက် ရင်း ၅ လက်မအရွယ်ချုံ့ထားတဲ့ သူတို့မိတ်ဆွေ ဒေ့ဗ်၊ ကရိုးလ်တို့နဲ့ ဆုံခဲ့ရပါတယ်။ လူဦးရေ ထူထပ် မှုနဲ့ စားနပ်ရိက္ခာပြဿနာကို ဖြေ ရှင်းပြီးသားဖြစ်စေတဲ့ အရွယ်အ စားချုံ့တဲ့ အစီအစဉ်ကို နော်ဝေး သိပ္ပံပညာရှင်တွေက တီထွင်ခဲ့တာဖြစ်ပြီး လူအတော်များများလည်း ပါဝင်ထားပြီဖြစ်ပါတယ်။ အရွယ်အစားချုံ့တဲ့ အစီအ စဉ်ကို ပေါလ်တစ်ယောက်စိတ် ဝင်စားခဲ့တဲ့အတွက် ဒေ့ဗ်နဲ့ဆွေး နွေးကြည့်ခဲ့ပြီး နောက်မှာတော့ ဆိုဒ်ချုံ့ပြီးရင်မူလအရွယ်အစား ပြန်မရနိုင်တော့မှန်းသိပေမယ့် လူတန်းစေ့နေ ထိုင်စားသောက်နိုင် ဖို့အတွက် တစ်နေ့တစ်နေ့ စိတ် ပူပန်နေရတဲ့ ပေါလ်နဲ့အော်ဒရေ တို့ဟာ ဘဝနေထိုင်မှုပိုကောင်း မယ်လို့ယူဆရတဲ့ ၅ လက်မ ကမ္ဘာထဲကို သွားနေဖို့ဆုံးဖြတ် လိုက်ပါတော့တယ်။ ဒီလိုနဲ့နှစ်ယောက်သား စိတ်ပိုင်းဖြတ်ကာ ဆိုဒ်ချုံ့တဲ့ဌာနကို သွားခဲ့ပြီး ဘဝအပြောင်းအလဲကို စတင်ခဲ့ပါတယ်။ တကယ်တော့ အော်ဒရေဟာ နောက်ဆုံးအချိန်ရောက်မှ စိတ်ပြောင်းသွားပြီး ဆိုဒ်မချုံ့ဖြစ်ခဲ့ပေမယ့် ပေါလ်ကတော့ ၅ လက်မလူသားအဖြစ် ပြောင်း သွားခဲ့ပါတယ်။ ၅ လက်မအရွယ်တွေနေတဲ့ကမ္ဘာကို တစ်ကိုယ်တည်း ရောက်သွားခဲ့တဲ့ ပေါလ်တစ် ယောက် ဘယ်လိုအဖြစ်အပျက် တွေနဲ့ကြုံရဦးမှာလဲ၊ အဲဒီကမ္ဘာမှာ ပေါလ်မျှော်လင့်ထားသလို ဘ၀ နေထိုင်မှုပိုကောင်းတဲ့ အနေအထားရှိ နေမှာလားဆိုတာကိုတော့ ပေါလ်ရဲ့ စွန့်စားခန်းအဖြစ်အ ပျက်တွေအနဲ့အတူ ဆက်ကြည့်ဖို့ ဖော်ပြလိုက်ပါတယ်။ ဒီဇာတ်ကားမှာ မက်ဒေမွန်၊ခရစ္စတိုဖာဝေါ့ဇ်၊ ဟုန်ချောင်၊ခရစ္စတန်ဝစ်၊ ဂျေဆင်ဆူဒယ်ကီ စတဲ့သရုပ်ဆောင် တွေပါဝင်ထား ပါတယ်။ (ဇာတ်လမ်းအညွှန်းကိုတော့ 7daydaily Website မှကူးယူဖော်ပြပါသည်) File Size : (0.99 GB) and (400 MB) Quality : Blu-Ray 720p Running Time : 2hr 15min Format : Mp4 Genre :Comedy, Drama, Sci-Fi Subtitle : Myanmar Subtitle (Hard Sub) Source : 720p.BluRay.x264-GECKOS Translated by Khin Pyae Sone Kyaw Encoded by Thanhtike Zaw
| Provider | Resolution | File Size | |
|---|---|---|---|
| 720p | Download |
ထုတ်လွှင့်သည့်နေ့
December 22, 2017
ကြာချိန်
2h 15m
အဆင့်သတ်မှတ်ချက်
5.3 / 10
Director
Alexander Payne