
Dosen Ghaib: It’s Nighttime or You Already Know (2024) IMDb Rating (4.3) ဒီအင်ဒိုနီးရှားဇာတ်လမ်းက နာမည်ကြီးခဲ့တဲ့ သရဲကျောင်းဆရာအကြောင်းကို inspire ယူပြီး ကျောင်းပညာရေးစနစ်အတွင်းက အကြမ်းဖက်မှုကို ရိုက်ကူးထားပါတယ်။ Plot summary: Amelia (Ersya Aurelia), Emir (Rayn Wijaya), Maya (Annette Edoarda) နဲ့ Fattah (Endy Arfian) တို့ သူငယ်ချင်းလေးယောက်အဖွဲ့က စည်းကမ်းအရမ်းတင်းကြပ်လို့ ကျောင်းသားတိုင်းကြောက်ကြတဲ့ ဆရာ Pak Bakti ရဲ့ စိတ်ပညာအတန်းစာမေးပွဲကို ကျလို့ အတန်းပြန်တက်ကြရတယ်။ ဆရာ Bakti ရဲ့ စာသင်နှစ် 20 သက်တမ်းတစ်လျှောက်မှာ သူတို့လေးယောက်က ပထမဦးဆုံး စာမေးပွဲကျဖူးတဲ့ ကျောင်းသားတွေဖြစ်လို့ Bakti က မကျေနပ်ဘူး။ အတန်းပြန်တက်ဖို့ သူတို့လေးယောက်တည်းကို စာပြန်သင်ရတဲ့အခါ ဆရာ Bakti က ချိန်းထားတဲ့ ည 7 နာရီထက် နောက်ကျပြီးမှ ရောက်လာခဲ့တယ်။ ဘယ်တော့မှ နောက်မကျတတ်တဲ့ဆရာက ထူးထူးဆန်းဆန်း အတန်းလာတာနောက်ကျနေပေမဲ့ Amelia တို့ သူငယ်ချင်းအဖွဲ့လည်း ဆရာစာသင်တာကို ဆက်နားထောင်နေခဲ့တယ်။ ဒါပေမဲ့ ရုတ်တရက် Group chat မှာ ဆရာ Bakti အက်ဆီးဒင့်ဖြစ်ပြီး ဆုံးသွားပြီဆိုတဲ့ သတင်းတက်လာတော့ Amelia တို့ လေးယောက်လုံး သူတို့ရှေ့မှာ ရပ်နေတဲ့ဆရာရဲ့ မူမမှန်ထူးခြားမှုတွေကို မြင်လာပြီး အတန်းထဲကထွက်ပြေးဖို့ ကြိုးစားကြပါတော့တယ်။ ဒီဇာတ်လမ်းက Jump scares နဲ့ သည်းထိတ်စရာအခြေအနေတွေကို ကောင်းကောင်းအသုံးချထားကြောင်း Critics တွေက မှတ်ချက်ချထားပြီး သရုပ်ဆောင် Egi Fedly ရဲ့ နက်နဲမှုရှိတဲ့ ဆရာ Bakti ကာရိုက်တာကို ပေါ်လွင်အောင်သရုပ်ဖော်ပြနိုင်မှုအတွက်လည်း ချီးကျူးထားကြပါတယ်။ ဒီ horror ဇာတ်လမ်းမှာ ဆရာတွေရဲ့ ကျောင်းသားတွေအပေါ် စာသင်နည်းစနစ်က ကျောင်းသားတွေရဲ့ စိတ်ကျန်းမာရေးအပေါ် အကျိုးသက်ရောက်မှုကြီးမားတာကို ဖော်ပြထားပြီး ဆရာ- တပည့်ကြားက ဆက်ဆံရေးကိုမြှင့်တင်ပြီး ကျောင်းသားတွေရဲ့စိတ်ကျန်းမာရေးကို ထိခိုက်စေတဲ့ တင်းကြပ်တဲ့ စာသင်နည်းစနစ်တွေကို ပယ်ဖျက်ဖို့ သင်ခန်းစာပေး ရိုက်ကူးထားတဲ့ သရဲကားကောင်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Thwal Htoo Zin ဖြစ်ပါတယ်။) File size…(1.1 GB) / (590 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Horror,Thriller Duration….01:35:18 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Thwal Htoo Zin
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 1.1 GB | Download | |
| 1080p | 1.1 GB | Download | |
| 1080p | 1.1 GB | Download | |
| 1080p | 1.1 GB | Download | |
| 720p | 590 MB | Download | |
| 720p | 590 MB | Download | |
| 720p | 590 MB | Download | |
| 720p | 590 MB | Download | |
| 720p | 590 MB | Download | |
| 720p | 590 MB | Download |