
မယ်လ်ကွန်း အက်ဒဲကန်ဘီဆိုတာက လူမည်းဂိတယောက်။ ကယ်လီဖိုးနီးယားပြည်နယ်က အင်ဂယ်ဝုဒ်ဆိုတဲ့မြို့လေးမှာ နေတယ်။ သူ့ရဲ့ရပ်ကွက်ကတော့The Bottoms လို့သိကြတဲ့ လမ်းသရဲလူမည်းဂိုဏ်းတွေ ဒုစရိုက်မှုတွေနဲ့ပြည့်နေတဲ့နေရာလေး။ သူ့ရဲ့အချစ်ဆုံးသူငယ်ချင်းတွေက ဂျစ်ဘ်နဲ့ ဒစ်ဂီ။ သူတို့သုံးယောက် စလုံးက ဂိတွေလည်းဖြစ်သလို ၉၀ခုနှစ်တွေရဲ့ ဟစ်ဟော့ ရွှေခေတ်ကို လွမ်းဆွတ်တမ်းတနေတဲ့ ဟစ်ဟော့ခေတ်အလွန် လူငယ်လေးတွေ။ တနေ့မှာ ဒွန်းဆိုတဲ့ ရပ်ကွက်ထဲက မူးယစ်ဆေးရောင်းတဲ့ ဂိုဏ်းသားတယောက်ရဲ့ပါတီကို ကောင်မလေး တယောက် မျက်နှာလုပ်ဖို့သွားရင်း မူးယစ်ဆေးအထုပ်လိုက်ကြီးနဲ့ သေနတ်တလက်က မယ်လ်ကွန်းရဲ့လွယ်အိတ်ထဲ ပါလာခဲ့ပါတော့တယ်။ ဒီအထုပ်လိုက်ကြီးနဲ့ ဂိုဏ်းတွေကြားထဲကပြေးရင်းလွှားရင်း မယ်လ်ကွန်း တို့တသိုက် ဘာတွေဆက်ဖြစ်သွားမလဲ။ မယ်လ်ကွန်းရဲ့ ဟားဗတ်ကိုတက် ဖို့အစီအစဉ်က ဒီမူးယစ်ဆေးထုပ်ကြီးရောင်းထွက်ဖို့အပေါ်မူတည်လာခဲ့တဲ့ အချိန်မှာ သူတို့သူငယ်ချင်းတသိုက် ဘာတွေဆက်လုပ်ကြမလဲ။ အဆုံးမှာတော့ မယ်လ်ကွန်းတို့ကလေးတသိုက်ရဲ့စွန့်စားခန်းလေး ဘယ်လိုအဆုံးသတ်သွားမလဲဆိုတာကို Dope ဆိုတဲ့ လူငယ်ဟာသ ဒရာမာဇာတ်ကားလေးမှာ ရှုစားအားပေးကြပါဦး။ ဒီကားမှာကတော့ ရင့်သီးတဲ့စကားလုံးတွေ လိင်အသားပေးခန်းတချို့ ပါ၀င်တဲ့အတွက်မိသားစုနဲ့ကြည့်ဖို့မသင့်လျော်ပါဘူး။ ဟစ်ဟော့လောကရဲ့ အငွေ့အသက်တွေ သီချင်းတွေ ဝေဝေဆာဆာနဲ့ဖြစ်တဲ့အတွက်ကြောင့် ဟစ်ဟော့ ပရိသတ်ကြီးအတွက် ကားကောင်းလေးတကားဖြစ်မှာပါပဲခင်ဗျ။ File size…1.82 GB / 743 MB Quality…Blu Ray 1080p 5.1 CH / 720p Format…mp4 Duration….1h 43m Genre ….. Adventure , Comedy , Crime Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Brackman
| Provider | Resolution | File Size | |
|---|---|---|---|
| 1080P | 1.82GB | Download | |
| 1080P | 1.82GB | Download | |
| 1080P | 1.82GB | Download | |
| 1080P | 1.82GB | Download | |
| 720P | 743MB | Download | |
| 720P | 743MB | Download | |
| 720P | 743MB | Download | |
| 720P | 743MB | Download | |
| 720P | 743MB | Download |