
ဒီရုပ်ရှင်ကားလေးကတော့ တရုတ်နိုင်ငံကရိုက်တဲ့ ရှားရှားပါးပါး သိပ္ပံဇာတ်ကားကောင်းတွေထဲက တစ်ကားလို့ပြောရလောက်အောင်ကို ကောင်းတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ် ။ သိပ္ပံကားတွေကြိုက်တတ်တဲ့ ပရိသတ်ကြီးအတွက် လက်မလွှတ်သင့်တဲ့ ဇာတ်ကားဆိုလည်း မမှားပါဘူးနော် ။ ဇာတ်လမ်းအကျဉ်းလေးအနေနဲ့ – မျိုးသုဉ်းခြင်းလျို့ဝှက်နယ်မြေလို့ယာယီနာမည်ပေးထားတဲ့ အာကာသယာဉ်လုံးကြီးက တရုတ်နိုင်ငံ အခြေစိုက် အာကာသနှင့်သိပ္ပံစခန်း CTC ရဲ့ လမ္ဘာအာကာသစခန်းကို ဝါးမျိုသွားပြီး ကမ္ဘာမြေပေါ်ရောက်လာခဲ့ပါတယ် ။ အဲဒီအရာကြီးရောက်လာပြီးကတည်း ကမ္ဘာမြေရဲ့ ရေအရင်းအမြစ်တွေက စတင်ပြီး ဆုံးရှုံးလာခဲ့ပါတော့တယ် ။ အဲဒီအရာကြီးကို စစ်ဆေးဖို့အတွက် ကုလသမ္မဂက doomsday Warrior အဖွဲ့တွေဖွဲ့ပြီး စေလွှတ်ခဲ့ပေမဲ့ ဘယ်သူမှ အသက်ရှင်လျက်ပြန်မလာနိုင်ခဲ့ပါဘူး ။ နှစ်ဝက်ကြာပြီးတဲ့အခါမှာတော့ ကမ္ဘာမြေဟာ ရေရှားပါးလာမှုကြောင့် အဝါရောင်ပြောင်းသွားပြီးတော့ သေကြေကုန်တဲ့လူတွေလည်း တစ်ဘီလီလျံထိမြင့်မားလာခဲ့ပါတော့တယ် ။ အဲဒီလိုနဲ့ CTC က အရေးပေါ်အခြေအနေအဖြစ် အထူးတပ်ဖွဲ့ 001 ကို မဖြစ်မနေတာဝန်ပြီးမြောက်အောင်လုပ်ဖို့ အမိန့်နဲ့အတူ ထိုအကာအကွယ်အလွှာထဲကို ဝင်ရောက်စေခဲ့ပါတယ်။ ကပ်ပတိန်ယန်ယိနဲ့အတူ သုတေသနအဖွဲ့ဝင် 2ယောက်လည်း တစ်ပါတည်းလိုက်ပါသွားခဲ့ပါတယ် ။ ဇာတ်လမ်းလေးကတော့ အထူးတပ်ဖွဲ့ 001 က ထိုနယ်မြေမှာဘယ်လို စွန့်စားခန်းတွေနဲ့ကြုံတွေ့ရမလဲ ? ထိုအရာကြီးက ထူးဆန်းတဲ့အကောင်တွေကရောဘာတွေဖြစ်မလဲ ။ ဒါ့အပြင် ကမ္ဘာမြေကြီးက ရေအရင်းအမြစ်တွေဆုံးရှုံးကုန်ရတဲ့အဓိက အကြောင်းကဘာဖြစ်မလဲ ? ရှားပါးသွားတဲ့ရေကရော ကမ္ဘာမြေပေါ်မှာ တဖန်ပြန်ရရှိနိုင်မလားဆိုတာကို စိတ်ဝင်စားစွာနဲ့ ကြည့်ရှုရမှာပဲဖြစ်ပါတယ်
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 1.3GB | Download | |
| 1080p | 1.3GB | Download | |
| 1080p | 1.3GB | Download | |
| 1080p | 1.3GB | Download | |
| 1080p | 1.3GB | Download | |
| 720p | 731.8MB | Download | |
| 720p | 731.8MB | Download | |
| 720p | 731.8MB | Download |
ထုတ်လွှင့်သည့်နေ့
Invalid Date
ကြာချိန်
-
အဆင့်သတ်မှတ်ချက်
5.7 / 10
Director