
Don’t. Get. Out! (2018) ********************** IMDb….5.8 အရင်တုန်းက အခွေထိုးကြည့်ခဲ့ရတဲ့ Speed ဆိုတဲ့ ဘတ်စ်ကားပေါ်မှာ ဗုံးထောင်ထားတဲ့ကားကိုတော့ အနည်းနဲ့အများမှတ်မိကြဦးမှာပါ။ အခုတင်ဆက်ပေးမဲ့ ဇာတ်ကားလေးကလည်း အဲဒါမျိုးခပ်ဆင်ဆင် ရင်ခုန်စိတ်လှုပ်ရှားစေတဲ့ Feeling မျိုးရစေမဲ့ ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ ဇာတ်ကားနာမည်ကတော့ Don’t Get Out! ဖြစ်ပြီး IMDb Rating 5.8 အထိရရှိထားပါတယ်။ ၂၀၁၈ ခုနှစ်တုန်းကထွက်ရှိခဲ့တာဆိုပေမဲ့ အခုပြန်ကြည့်ရင်တောင်မှ ကောင်းနေဆဲလို့ပြောလို့ရပါတယ်။ ဇာတ်ကားအစမှာ ကားလ်ဆိုတဲ့ အိမ်ခြံမြေစီမံကိန်းအကျိုးဆောင်တစ်ယောက်က ကွာရှင်းလုဆဲဆဲမိန်းမဖြစ်သူနဲ့ ကလေးတွေဆီလာတဲ့ခရီးလမ်းကိုတွေ့ရမှာပဲဖြစ်ပါတယ်။ စစချင်းတုန်းကတော့ ၁၅ နှစ်ပြည့် မင်္ဂလာနှစ်ပတ်လည်မလို့ ချစ်ကြည်နူးတစ်တီတူးဖို့ စိတ်ကူးနဲ့လာခဲ့ပေမဲ့ မိန်းမဖြစ်သူက အဆင်မပြေတဲ့အတွက် ရန်ဖြစ်ပြီး ကလေးနှစ်ယောက်ကို ကျောင်းပို့ဖို့ သူ့ကားနဲ့ထွက်လာခဲ့ပါတော့တယ်။ ဒါပေမဲ့ သိပ်မကြာခင်မှာ ဘယ်ကမှန်းမသိတဲ့ ဖုန်းတစ်လုံးက သူ့ကားပေါ်ရောက်နေပြီး ဖုန်းဝင်လာခဲ့ပါတော့တယ်။ အဲ့ဒီဖုန်းကိုကိုင်လိုက်တဲ့အချိန်မှာ သူ့ကားပေါ်မှာ ဖင်ကြွလိုက်တာနဲ့ ပေါက်ကွဲမဲ့ဗုံးထောင်ထားကြောင်းသိခဲ့ရပြီး ခြိမ်းခြောက်ငွေညှစ်တာကိုခံခဲ့ရပါတော့တယ်။ စစချင်းတုန်းကမယုံပေမဲ့ ကလေးတွေအသက်ကို မစွန့်စားရဲတဲ့အတွက် ကားလ်က အဲဒီခြိမ်းခြောက်ငွေညှစ်သူရဲ့စကားအတိုင်း တသဝေမတိမ်းလိုက်နာခဲ့ပြီး နောက်ပိုင်းမှာ ရဲတွေပါ ပါဝင်ပတ်သတ်လာတဲ့အခါမှာတော့ အရှုပ်အထွေးတွေဖြစ်ကုန်ပြီး ကားလ်နဲ့သူ့ကလေးတွေ ဒီဗုံးရန်ကလွတ်ပါ့မလားဆိုတာကို ရင်တထိတ်ထိတ်နဲ့ရှုစားရမဲ့ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Saw Lay ပဲဖြစ်ပါတယ်…) File Size : 1.87GB/ 940MB Quality : Blu-Ray 1080p 5.1 CH/ Blu-Ray 720p Format…mp4 Duration…01:49:00 Genre : Action, Thriller, Crime, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Saw Lay Encoded by Tiff