
3 idiots လို vibe မျိုး ထပ်မံခံစား ကြည့်ရှုလိုသူတွေအတွက် Don ဆိုတဲ့ ကားသစ်လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ သားသမီးကို ချစ်ကြောင်း မပြသလိုတဲ့ ဖခင်တစ်ဦးရဲ့ အကျင့်စရိုက်၊ အဲဒီအကျင့်စရိုက်အောက်မှာ သားဖြစ်သူက "အဖေဆီကနေ အချစ်မခံရဘူး" လို့ တွေးမှတ်လာတဲ့အခါ ရင်ထဲက မုန်တိုင်း တစ်ခု ရှိလာပါတော့တယ်။ ၁၂ တန်းပြီးတဲ့အခါ ဖခင်ရဲ့ ဖိအားပေးမှုကြောင့် "Best Engineering College" ကို သွားတက်ရင်း ကောလိပ်ကြော်ငြာနဲ့ လက်တွေ့က တခြားစီဖြစ်နေတာကို ကြုံလိုက်ရပါတော့တယ်။ "တက္ကသိုလ်ရောက်တဲ့အခါ လုပ်ချင်တာလုပ်လို့ ရပြီ" ဆိုတဲ့ ဂျင်းတွေကို စားလာတဲ့ ကျောင်းသားတွေကတော့ ဒီကောလိပ်ရောက်မှပဲ ထောင်ထဲရောက်သလို ခံစားလိုက်ရတဲ့အခါ..... ဆယ်ကျော်သက်တို့ သဘာဝအတိုင်း ဖိလေ ကြွလေဖြစ်တော့ ကျောင်းသားတစ်သိုက် ဆရာတွေကို ဘယ်လို ပညာပြန်ပြမလဲဆိုတာ ခံစားကြည့်ရှုရမှာပါ။ ဒီ Tamil language ကားလေးကတော့ Action, Comedy, Romance အမျိုးအစားဖြစ်ပြီး တက္ကသိုလ်ကျောင်းသားဘဝကနေ အိမ်ထောင်သည်ဘဝအထိ အဆင့်ဆင့်ဖြတ်သန်းခဲ့တာတွေ၊ အဖေနဲ့သားကြား ဆက်ဆံရေးတွေကို သက်ဝင်ခံစားရမှာ ဖြစ်ပါတယ်။ "တက္ကသိုလ်တက်ရတဲ့အချိန်က သူငယ်ချင်းတွေ အချစ်တွေကို တွေ့ကြုံခံစားရတော့ ဘဝမှာ ရွှေရောင်အမှတ်တရတွေ ဖန်တီးနိုင်ခွင့်ရခဲ့တဲ့ အချိန်ပါပဲ"တဲ့။ ဆိုတော့ ဒီကားလေးကို ကြည့်ရင်း ကိုယ့်ဘဝရဲ့ အမှတ်တရတွေကိုပါ ပြန်လည်ခံစားစီးမြောလိုက်ကြပါဦးနော်။ File size…3.6GB / 1.6GB Quality… 1080p WEBDL Tamil AAC 5.1CH / 720p Format…mp4 Duration….2h 45m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Myo Myo Htet ~ OeliuJ ~ Lwin Htoo Aung ~ Go-O ~ Yunni
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 3.6GB | Download | |
| 720p | 1.6GB | Download |