
IMDB Rating – 7.3/10 ၁၉၉၉ ခုနှစ်က ထွက်ရှိခဲ့တဲ့ ဒီရုပ်ရှင်ဟာ ခရစ်ယာန်သာသနာ အထူးသဖြင့် ကတ်သလစ်ကျောင်းတော်ရဲ့ တရားသေ အယူအဆတွေ သမ္မာကျမ်းစာလာ ဒေသနာတွေနဲ့ ဘာသာရေးအင်စတီကျူးရှင်းတွေရဲ့ အကျင့်ပျက်မှုတွေကို ပြောင်ပြောင်တင်းသရော်ထားတဲ့အတွက် အနောက်နိုင်ငံတွေက ကတ်သလစ်အသိုင်းအဝိုင်းတွေကို ပွက်လောရိုက်သွားစေခဲ့ပါတယ်။ ဒါရိုက်တာဖြစ်သူလည်း အီးမေးလ်ကနေ ဆဲဆိုစာတွေ၊ ခြိမ်းခြောက်စာတွေ ထောင်နဲ့ချီ ရရှိခဲ့တယ်လို့ ဆိုပါတယ်။ ဥပမာပြောရရင် ဒီရုပ်ရှင်ထဲမှာ ဘုရားသခင်ကို အမျိုးသမီးအဖြစ် ပုံဖော်ထားတာတွေ၊ ခရစ်တော်ရဲ့ Apostle ဆယ့်နှစ်ပါးအပြင် ၁၃ ပါးမြောက် Apostle လည်းရှိခဲ့ပြီး အဲဒီ နောက်ဆုံး Apostle က လူမည်းဖြစ်နေလို့ သမ္မာကျမ်းထဲမှာ ချန်လှပ်ခဲ့တယ်ဆိုတာတွေ၊ လူလူချင်း ကျွန်ပြုရောင်းဝယ်တဲ့ခေတ်နဲ့ ဂျူးတွေရဲ့ ဟိုလိုကော့စ်ဖြစ်ရပ်တွေမှာ ကတ်သလစ်ကျောင်းတော်က လက်ပိုက်ကြည့်နေခဲ့တဲ့အကြောင်းတွေ စသဖြင့် ကျောင်းတော်ရဲ့ တရားသေ အယူအဆတွေကို သရော်လှောင်ပြောင်ထားတဲ့ ဒိုင်ယာလော့တွေ အများကြီးပါဝင်ပါတယ်။ ရုပ်ရှင်ထဲမှာ Ben Affleck, Matt Damon, Linda Florentino, Salma Hayek နဲ့ Chris Rock လို နာမည်ကြီးသရုပ်ဆောင်များ ပါဝင်ထားတဲ့အပြင် ၂၀၀၀ ဝန်းကျင်က နာမည်ကြီးအဆိုတော် Alanis Morissette ကလည်း ဘုရားသခင်အဖြစ် ပါဝင်ထားပါသေးတယ်။ ဒါရိုက်တာကတော့ Kevin Smith ဖြစ်ပြီး ဒီရုပ်ရှင်ထဲမှာပဲ Silent Bob ဆိုတဲ့ ဇာတ်ကောင်အဖြစ် ပါဝင်အားဖြည့်ထားပါသေးတယ်။ ဇာတ်လမ်းအကျဥ်းကတော့ Bartleby နဲ့ Loki တို့ဟာ တမန်တော်နှစ်ပါးဖြစ်ပြီး ဘုရားသခင်က အပြစ်ပေးထားတာကြောင့် လူ့ပြည်က ဝစ္စကွန်ဆင်ပြည်နယ်မှာ နေထိုင်နေကြပါတယ်။ တစ်နေ့မှာ သူတို့ရဲ့အပြစ်တွေကို ချေဖျက်ပြီး ကောင်းကင်ဘုံကို တစ်ဖန်ပြန်ဝင်နိုင်မဲ့ ယိုပေါက်တစ်ခုကို တွေ့ရှိခဲ့ပါတယ်။ ဒါကတော့ ကတ်သလစ်သာသနာရဲ့ တရားသေ ယုံကြည်မှုတစ်ခုဖြစ်တဲ့ Planery Indulgence ဖြစ်ပြီး နယူးဂျာစီက ဘုရားကျောင်းတစ်ခုထဲက မုခ်ဦးတစ်ခုကို ဖြတ်လျှောက်လိုက်ရုံနဲ့ ဘုရားသခင်က သူတို့နှစ်ဦးကို ခွင့်လွှတ်ရမှာ ဖြစ်တယ်လို့ဆိုပါတယ်။ ဒါပေမဲ့ ဒီကိစ္စက ထင်ထားတာထက် နက်နဲပြီး သူတို့နှစ်ဦး မုခ်ဦးကိုဖြတ်လိုက်တာနဲ့ တစ်လောကလုံးရဲ့ ဖြစ်တည်မှုကို ပြောင်းပြန်လှန်သလိုဖြစ်ပြီး အရာအားလုံး ပျက်သုဉ်းသွားမှာပါ။ ဒီတော့ ဘုရားသခင်ရဲ့ အသံတော်ဖြစ်တဲ့ Metatron ကနေ ဦးဆောင်ပြီး အဖွဲ့တစ်ခု ဖွဲ့စည်းကာ တမန်တော်နှစ်ပါးကို တားဆီးဖို့ ပြင်ဆင်ရပါတော့တယ်။ အဖွဲ့ထဲမှာ The Last Scion ဖြစ်တဲ့ မိန်းကလေးတစ်ဦး၊ ခရစ်တော်ရဲ့ ၁၃ ပါးမြောက် Apostle နဲ့ Muse နတ်သမီးတစ်ပါး၊ ဆေးသမား ဂျလေဘီနှစ်ယောက် ပါဝင်ကြပါတယ်။ ဇာတ်လမ်းအမျိုးအစားက Satire/Comedy အမျိုးအစားဖြစ်ပြီး ဒီရုပ်ရှင်ကို မုန်းတီးကြသူတွေရှိသလို ယုံကြည်မှုနဲ့ဆိုင်တဲ့ လေးနက်တဲ့ အကြောင်းအရာတွေကို ဟာသဆန်တဲ့ ဒိုင်ယာလော့တွေနဲ့ အနားသတ်ထားပုံတွေ၊ ရဲဝံ့ပြောင်မြောက်တဲ့ မေးခွန်းထုတ်သရော်ထားမှုတွေကြောင့်လည်း လူကြိုက်များတဲ့ cult- classic ရုပ်ရှင်လို့လည်း သတ်မှတ်နိုင်ပါတယ်။ ရိုင်းပျပြင်းထန်တဲ့ စကားလုံးတွေ၊ ပြကွက်တွေ ပါဝင်တာကြောင့် R-rated သတ်မှတ်ထားပြီး၊ ဘာသာရေးအရ ထိရှလွယ်သူတွေ ကြည့်ရှုဖို့မသင့်ပါဘူး။ File size…(1.6 GB)/(897 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Fantasy, Comedy, Adventure Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Wolfenheim
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 1.6 GB | Download | |
| 1080p | 1.6 GB | Download | |
| 1080p | 1.6 GB | Download | |
| 720p | 897 MB | Download | |
| 720p | 897 MB | Download | |
| 720p | 897 MB | Download |
ထုတ်လွှင့်သည့်နေ့
Invalid Date
ကြာချိန်
-
အဆင့်သတ်မှတ်ချက်
0.0 / 10
Director