
ကြည်နူးစရာကောင်းတဲ့ ထိုင်ဝမ်အချစ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ် လူတိုင်းက သူများရဲ့အချစ်ရေးကို အရမ်းစိတ်ဝင်စားပြီး အတင်းအဖျင်းတွေ ပြောလေ့ရှိပါတယ် အဲ့လိုပဲ ဒီကားလေးထဲမှာလည်း ကျောင်းကလူတွေရဲ့ အတင်းအဖျင်းတွေထဲမှာ နာမည်ကြီးနေတဲ့ လုံးဝအတွဲမဖြစ်နိုင်ဘူးလို့ သတ်မှတ်ထားတဲ့ စုံတွဲစာရင်း (MI စာရင်း) ဆိုတာရှိပါတယ် ဒီဇာတ်လမ်းရဲ့ ဇာတ်ကောင် ရှောင်ရှန်းကတော့ ရူပဗေဒမေဂျာ ကျောင်းသူတစ်ယောက်ဖြစ်ပြီး ဗေဒင်ကို အရမ်းစိတ်ဝင်စားတဲ့အပြင် သူ့ရဲ့ငယ်သူငယ်ချင်းလေးကျူးဟောက် ကို ကြိတ်ကြွေနေတဲ့ ကောင်မလေးတစ်ယောက်ပါ တစ်နေ့မှာ သူဟာ သူငယ်ချင်းဇုန်ထဲကနေရုန်းထွက်ပြီး အဲ့ဒီကောင်လေးကို ဗေဒင်ယတြာတွေကအစ အသေးစိတ်ပြင်ဆင်ပြီးဖွင့်ပြောဖို့လုပ်ထားပေမဲ့ သူလုပ်ထားသမျှသဲထဲရေသွန်ဖြစ်သွားခဲ့ပါတယ် အကြောင်းကတော့ အဲ့ဒီနေ့မှာပဲ ကျူးဟောက်က တခြားကောင်မလေးကို ဖွင့်ပြောလိုက်တာပါ ရှောင်ရှန်းရဲ့ ဇာတ်လမ်းလေးက ဒီမှာတင်ပြီးပြတ်မသွားပါဘူး သူ့ရဲ့ အကြီးမားဆုံးကံဆိုးမှုက အခုမှရောက်လာတာပါ အဲ့ဒါကတော့… တစ်ကျောင်းလုံးရဲ့ နတ်ဘုရားမလို့ တင်စားရလောက်တဲ့ အင်တာနက်ဆယ်လီ ရီကျင်းက ကျူးဟောက်ဖွင့်ပြောချိန်မှာ ကျူးဟောက်သာ MI စာရင်းရဲ့ ထိပ်ဆုံးသုံးတွဲကို အောင်သွယ်ပေးနိုင် မယ်ဆိုရင် တွဲမယ်လို့ပြောလိုက်တာပါပဲ ဒီလိုနဲ့ ပိုချစ်ရတဲ့လူက ရှုံးရတယ်ဆိုတဲ့အတိုင်း ကြိတ်ကြွေနေတဲ့ ရှောင်ရှန်းလေးတစ်ယောက် ကျူးဟောက်ကို ကူညီပေးရပါတော့တယ် ကဲ ဒီတော့ ကျူးဟောက်နဲ့ ရှောင်ရှန်းတို့နှစ်ယောက် လုံးဝတွဲဖို့မဖြစ်နိုင်ပါဘူးလို့ တွေးရလောက်တဲ့ထိ အကျင့်စရိုက်တွေဆန့်ကျင်ဖက် ကွဲပြားနေတဲ့ အတွဲသုံးတွဲကို ဘယ်လိုတွေအောင်သွယ်ပေးမလဲ ရှောင်ရှန်းလေးရဲ့အချစ်ရေးကရော ဘယ်လိုဆက်ဖြစ်ဦးမှာလဲဆိုတာကို စိတ်ဝင်စားရင်တော့ CM က တင်ဆက်ပေးမဲ့ ဒီဇာတ်လမ်းလေးကို အခုပဲကြည့်လို့ရပါပြီနော်
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 1.78 GB | Download | |
| 1080p | 1.78 GB | Download | |
| 1080p | 1.78 GB | Download | |
| 1080p | 1.78 GB | Download | |
| 1080p | 1.78 GB | Download | |
| 1080p | 1.78 GB | Download | |
| 720p | 1.01 GB | Download | |
| 720p | 1.01 GB | Download | |
| 720p | 1.01 GB | Download | |
| 720p | 1.01 GB | Download |
ထုတ်လွှင့်သည့်နေ့
Invalid Date
ကြာချိန်
-
အဆင့်သတ်မှတ်ချက်
5.8 / 10
Director