
အစားကောင်း အသောက်ကောင်းတွေ စားရရင် ချစ်သူခင်သူကို သတိရတတ်သလိုပဲ ဇာတ်ကားကောင်းတွေရှိလာရင်လည်း မလွတ်တမ်းဘာသာပြန်တင်ဆက်ပေးချင်တာကတော့ CM ရဲ့စေတနာပါ။ ဘိုင်ရာဘာမင်းသားပါဝင်ထားတဲ့ ဒီ "Dhruva" crime thriller movie ကတော့ not very old but gold လို့ ဆိုရမှာပါပဲ။ crime ကိုမှ medical crime ကို အရင်းတည်ပြီး ကွင်းဆက်အများအပြား ချိတ်ဆက်ထားတာမျိုးပါ။ "သာမန်ပြည်သူတွေရဲ့ ကံကြမ္မာကို နိုင်ငံရေးသမားတွေက ချုပ်ကိုင်တယ်၊ နိုင်ငံရေးသမားတွေရဲ့ ကံကြမ္မာကိုတော့ စီးပွားရေးသမားတွေက ချုပ်ကိုင်တယ်....." ပုံမှန်ဆိုရင် ခိုးမှု၊ လုယက်မှု၊ ပြန်ပေးဆွဲမှုတို့ဟာ အများအားဖြင့် ငွေကြေးမပြည့်စုံမှုကြောင့် ကျူးလွန်လေ့ရှိတဲ့အရာမျိုးတွေပါ။ ဒါပေမဲ့ သာမန်ပြစ်မှု အသေးလေးတွေကိုဗန်းပြပြီး နောက်ကွယ်မှာ ကြီးမားတဲ့ ပြစ်မှုကြီး ရှိနေတယ်ဆိုရင်ရော...... ဆင်းရဲနိမ့်ကျစွာ မွေးဖွားလာပေမဲ့ ပါတီခေါင်းဆောင်တစ်ဦးရဲ့ လူသတ်မှုကို ကိုယ်စားအပြစ်ခံယူရင်း အဆိုးထဲက အမြတ်ထုတ်တတ်တဲ့ ထက်မြက်လွန်းတဲ့ Siddarth Abimanyu က သိပ္ပံပညာရှင်တစ်ယောက်ဖြစ်လာပြီး မင်းသားခေါင်းစွပ်ထားတဲ့ဘီလူး ဖြစ်နေတဲ့အခါ..... ၁၅ နှစ်သားကတည်းက ကြုံတွေ့မြင်တွေ့လာရတဲ့ မတရားမှုတွေကို မုန်းတီးရင်း ရဲအရာရှိ ဖြစ်လာတဲ့အချိန် ပြစ်မှုနောက်ကွယ်က ကြိုးကိုင်ခြယ်လှယ်သူတွေကို အမြစ်ပြတ် သုတ်သင်ချင်တဲ့ Dhruva တစ်ယောက် Siddharth နဲ့ အားပြိုင်ရတဲ့အခါမှာတော့..... Plot က ကောင်းလွန်းတဲ့အတွက် အများကြီး ညွှန်းဆိုလိုက်ရင် ပေါ့သွားမှာစိုးလို့ ဒီလောက်ပဲ ရေးပါရစေ။ 2015 ခုနှစ်က ထွက်ရှိခဲ့တဲ့ Thani Oruvan ဇာတ်ကားကို remake လုပ်ထားတာဆိုပေမဲ့ အတော်ကောင်းတာမို့ ဆက်ဆက်ကြည့်ရှုဖို့ တိုက်တွန်းပါရစေနော်။ File size…2.5GB / 1.3GB Quality…1080p TRUE WEBDL / 720p Format…mp4 Duration….2h 45m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Jerrica & Myo Myo Htet
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | Download | ||
| 720p | Download | ||
| 1080p | Download | ||
| 720p | Download |