
Dharmaveer Mukkam Post Thane (2022) “စံပြ” IMDb 7.9 မာရသီစကားပြော ကိုယ်ရေးအတ္ထုပတ္တိရုပ်ရှင်တစ်ပုဒ်ကို ရှုစားရမှာပါ သတင်းထောက်မလေးက ‘အာနန်ဒီဂေ’ ဆိုသူ နိုင်ငံရေးသမားတစ်ယောက် ကွယ်လွန်ခြင်းနှစ် ၂၀ ပြည့် အောက်မေ့သတိရအခမ်းအနားအတွက် သတင်းတင်ဆက်ပေးရဖို့ ဖြစ်လာတယ် ဒီသတင်းအတွက် ဘောလိဝုဒ်ပါတီတစ်ခုကို သွားရမယ့်အရေးကို ဆုံးရှုံးလိုက်ရတာကြောင့် ဘာမှန်းမသိတဲ့ ဒီလူ့ကို နေရင်းထိုင်ရင်းတင်းနေပါလေရော အဲဒီမကျေနပ်ချက်တွေကို သုံးဘီးသမားက ကြားတဲ့အခါ ကိုယ်မသိတဲ့လူကို သိအောင်လုပ်ဖို့ ဂူးဂဲလ်ကအချက်အလက်တွေနဲ့ မပြည့်စုံနိုင်ကြောင်း၊ သူတို့အရပ်ကပြည်သူတွေရဲ့နှလုံးသားထဲမှာ အာနန်ဒီဂေဟာ အမြဲရှိနေတဲ့အကြောင်း၊ သိချင်ရင် သူတို့လူတွေကို မေးမြန်းသင့်ကြောင်း ပြောလာပါတယ် လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်က ဆုံးပါးသွားတဲ့ နိုင်ငံရေးသမားတစ်ယောက်ရဲ့ ဘဝဇာတ်လမ်း၊ ပြည်သူတွေက သူကိုဘာလို့ဒီလောက်တန်ဖိုးထားကြလဲဆိုတာကို ဆက်လက်ကြည့်ရှုအားပေးရအောင်ပါ အညွှန်းနဲ့ ဘာသာပြန်ကတော့ KKKZ ~ Zwe Yan ~ Linn Lunn ~ ToMo ~ Yunni မှ ဖြစ်ပါတယ်