
Halloween ရာသီမှာ ဇာတ်လမ်းတွေနဲ့ Chill ကြမယ့် ရုပ်ရှင်ပရိသတ်တွေ အတွက် မင်းသားကြီး Bruce Willis ရဲ့ စုံထောက်ရုပ်ရှင်အသစ်တစ်ခုကို တင်ဆက်ပေးလိုက်ပါတယ်။ လော့အိန်ဂျယ်လိစ် မြို့မှာ ပိုက်ဆံတွေတင်လာတဲ့ ထရပ်ကားကို အဖွဲ့တစ်ဖွဲ့က ဓားပြဝင်တိုက်ပါတော့တယ်။ စုံထောက် နိုက်တ်နဲ့ သူ့တွဲဖက် ဖစ်ဇ် တို့လည်း ဓားပြတွေကို ဖမ်းဆီးဖို့ ကြိုးစားရင်း၊ ဖစ်ဇ်တစ်ယောက် သေနတ်အပစ်ခံရပြီး အရေးပေါ်ကိုရောက်သွားပါတော့တယ်။ နိုက်တ်လည်း အဆိုပါအဖွဲ့ကို လိုက်ဖမ်းဖို့ ရေကုန်ရေခမ်းကြိုးစားပါတော့တယ်။ သို့သော် ထိုအဖွဲ့က မြို့တွေ တစ်မြို့ပြီး တစ်မြို့သွားပြီး ဓားပြတိုက်နေသလို ခြေရာလက်ရာဖျောက်တဲ့နေရာမှာလည်း သေသပ်တာမို့ ဖမ်းလို့မမိဖြစ်နေပါ တော့တယ်။ နိုက်တ်လည်း ထိုအဖွဲ့ကို နယူးယော့ခ်မြို့မှာ ခြေရာခံမိရင်း အတိတ်က ပတ်သက်ခဲ့ဖူးတဲ့ သတင်းပေး ဝင်းနာ ဆိုတဲ့လူနဲ့ ပြန်လည်တွေ့ဆုံရာကနေ ဘယ်လိုမျိုး အလှည့်အပြောင်းတွေဖြစ်လာမလဲဆိုတာကို အက်ရှင်ခန်းတွေနဲ့ ကြည့်ရှု့ရမှာပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာ နိုက်တ်အနေနဲ့ သရုပ်ဆောင်ထားတာကတော့ အားလုံးရဲ့အချစ်တော် မင်းသားကြီး Bruce Willis ဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Leonard Lin ဖြစ်ပါတယ်) File Size..........(1.68 GB) / (630 MB) / (350 MB) Quality............WebRip 1080p / 720p / 480p Duration.........1Hr 45mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Animation, Thriller Translator.......Leonard Lin Encoder..........SWM
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | Download | ||
| 1080p | Download | ||
| 720p | Download | ||
| 720p | Download |