
စုံထောက်ကြီးဒီးနဲ့နဂါးနက်အမှုဖြစ်ပါတယ်။ ဒီအမှုမှာတော့ အာဏာတည်မြဲခြင်းကိုကိုယ်စားပြုနိုင်ဖို့ ဧကရီဝူကျယ်ထျန်းဟာ ရေလှောင်တမံတစ်ခုကိုတည်ဆောက်ပြီး ပူဇော်ပွဲကျင်းပဖို့ပြင်ဆင်နေပါတယ်။ ပူဇော်ပွဲမတိုင်ခင် ၃ရက်မှာ ရေလှောင်တမံဆောက်လုပ်ရေးမှာပါဝင်တဲ့ အလုပ်သမားတွေ ရာချီပြီးတော့သေတဲ့အမှုဖြစ်ခဲ့ပါတယ်။ အဲဒီမတိုင်ခင်မှာ ကောင်းကင်မှာနဂါးနန်းတော်ကိုမြင်ရတယ်လို့ ဆိုတဲ့လူတွေရှိတာကြောင့် ဒါကနဂါးနတ်မင်းရဲ့ကျိန်စာလား ဆိုပြီးထင်ယောင်ထင်မှားဖြစ်နေကြပါတယ်။ ဒီးရန်ကျယ်ဟာအမိန့်တော်အရ ဒီအမှုကိုလိုက်ရင်း ဒီနဂါးကျိန်စာရဲ့နောက်ကွယ်က ကြီးမားတဲ့အကြံအစည်ကို သိလိုက်ရတာကြောင့် ပူဇော်ပွဲကိုဖျက်သိမ်းဖို့တောင်းဆိုခဲ့ပါတယ်။ ဒါပေမယ့် ဧကရီဝူကျယ်ထျန်းက သူ့ရဲ့အာဏာကိုပြဖို့ပဲ စိတ်အားထက်သန်နေပြီးတော့ ဖျက်သိမ်းဖို့ငြင်းဆန်ခဲ့ပါတယ်။ ပြည်သူတွေရဲ့အသက်နဲ့ အာဏာကြားမှာ ဝူကျယ်ထျန်းကဘာကိုရွေးမလဲ…… စုံထောက်ကြီးဒီးကရော ဒီအမှုကိုဘယ်လိုများပါးပါးနပ်နပ်ဖြေရှင်းသွားမလဲ……