
ဒီရုပ်ရှင်ဟာ ဒယ်လ်တာလို့အမည်ရတဲ့ မြစ်ဝှမ်းမှာရှိတဲ့ တံငါသည်တွေနဲ့ ပိုင်နက်ကျူးကျော် ငါးခိုးဖမ်းသမားတွေအကြားက ပဋိပက္ခကို ဇာတ်အိမ်တည်ပြီးရိုက်ကူးထားပါတယ်။ အိုဆိုဟာ သဘာ၀ပတ်၀န်းကျင်ထိန်းသိမ်းရေးအဖွဲ့ကို တည်ထောင်ထားပြီး ဒယ်လ်တာမြစ်ကို ဖလော်ရီယန်တွေရဲ့ အလွန်အကျွံငါးဖမ်းခြင်းကနေ ကယ်တင်ဖို့ကြိုးစားနေသူတစ်ယောက်ပါ။ တစ်ဖက်က ငါးခိုးဖမ်းတဲ့ ဖလော်ရီယန်တွေဘက်မှာတော့ ဒယ်လ်တာဒေသမှာကြီးပြင်းလာခဲ့တဲ့ အီလီယာဆိုတဲ့သူရှိပါတယ်။ အိုဆိုတို့အဖွဲ့ဟာ ဒယ်လ်တာမြစ်အတွင်း ရှော့ရိုက်ပြီး အများအပြားဖမ်းဆီးခံထားရတဲ့ ငါးအသေကောင်တွေကိုရှာတွေ့လာရမှ နောက်ကွယ်ကတရားခံကို လိုက်လံဖော်ထုတ်ရင်းကနေ တံငါသည်တွေနဲ့ ငါးခိုးဖမ်းသူတွေအကြား မထင်မှတ်ထားတဲ့ ပဋိပက္ခတွေဆက်လက်ဖြစ်ပွားလာပြီး ကာအူဆိုနဲ့ အီလီယာတို့နှစ်ဦး မြူတွေအုံ့မှိုင်းနေတဲ့ ဒယ်လ်တာဒေသမှာ ထိပ်တိုက်ရင်ဆိုင်တွေ့ကြပါတော့တယ်။ ဒီရုပ်ရှင်ဟာ ဇာတ်အိမ်ပိုင်းမှာ အားနည်းတယ်လို့ဆိုနိုင်ပေမယ့် စီနီမက်တစ်ရိုက်ချက်တွေကိုတော့ အားထည့်ထားပါတယ်။ အထူးသဖြင့် မြူအုံ့မှိုင်းနေတဲ့ မြစ်ဝှမ်းဒေသကို ဒရုန်းရိုက်ချက်တွေ၊ အေးစက်ထိုင်းမှိုင်းတဲ့ကာလာတွေနဲ့ ရိုက်ကူးပုံဖော်ထားတဲ့အပြင် အီတလီရုပ်ရှင်ဖြစ်တာကြောင့် အသစ်အဆန်းကိုစမ်းကြည့်ချင်တဲ့သူတစ်ယောက်ဆိုရင်တော့ သေချာပေါက်ကြည့်ရှုသင့်ပါတယ်။ File size…(1.7 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:45:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Steven Khant