
ဒီတစ်ခါမှာ ပရိသတ်ကြီးတို့ကို မိတ်ဆက်ပေးချင်တာကတော့ ၂၀၁၈ ခုနှစ်က ထွက်ရှိခဲ့တဲ့ Delirium ဆိုတဲ့ဇာတ်ကားလေးပါ။ ပြသချိန် ၁ နာရီခွဲဝန်းကျင် ကြာပြီးတော့ Horror, Thriller အမျိုးအစား ကြိုက်နှစ်သက်တဲ့ ပရိသတ်ကြီးတို့အနေနဲ့ လက်လွှတ်မခံသင့်တဲ့ ဇာတ်ကားပါပဲ။ ဇာတ်လမ်းအကျဉ်းကို ပြောရမယ်ဆိုရင် Tom Walker က စိတ်ရောဂါကုဆေးရုံမှာ နှစ် ၂၀ ကုန်ဆုံးပြီးနောက်မှာ လွတ်မြောက်လာခဲ့ပါတယ်။ ဒါပေမဲ့ သူ့အနေနဲ့ ရက် ၃၀ အကျယ်ချုပ်နေပြီးမှ ပုံမှန်လူတစ်ယောက်လို သွားလာခွင့်ရမှာပါ။ အဲဒီတော့ သူဟာ သူ့မိဘတွေ ချန်ခဲ့တဲ့ အိမ်ကြီးမှာ တစ်ယောက်ထဲ နေရဖို့ အကြောင်းဖန်လာပါ တော့တယ်။ အမေနဲ့ အဖေက သူတို့ငယ်ငယ်ကတည်းက ကွဲသွားကြတာ ဖြစ်ပြီးတော့ အဖေဖြစ်သူက သူမလွတ်လာခက် ရက်ပိုင်းအလိုမှာ ကိုယ့်ကိုယ့်ကိုယ်သတ်သေသွားတာ ဖြစ်ပါတယ်။ အစ်ကိုဖြစ်သူ Alex ကလည်း ထောင်ကနေ လွတ်မလာသေးပါဘူး။ အိမ်အကြီးကြီးထဲမှာ တစ်ယောက်ထဲနေရတဲ့ Tom ဟာ အိမ်ထဲကနေ အသံတွေကြားရတာတွေ၊ ထူးဆန်းတဲ့ ဖုန်းခေါ်ဆိုမှုတွေကို ကြုံတွေ့လာရပါတော့တယ်။ မိန်းကလေးတစ်ယောက် ရေနစ်နေတာကိုလည်း မြင်မြင်နေရပါသေးတယ်။ တစ်နေ့မှာတော့ Tom ဟာ မုန့်စားချင်လို့ ဈေးဆိုင်ကနေ မုန့်မှာရင်း မုန့်လာပို့တဲ့ Lynn ဆိုတဲ့ ကောင်မလေးကို သဘောကျသွားခဲ့ပါတယ်။ ဒါပေမဲ့ ကောင်မလေးကို ဖွင့်ပြောဖို့ ကြိုးစားနေချိန်မှာပဲ ထောင်ထဲမှာရှိနေရမယ့် သူ့အစ်ကို Alex ကို အိမ်ထဲမှာ စပြီး မြင်ရတော့တာပါပဲ။ Tom ကြုံနေရတာတွေ အကုန်လုံးက သူအရင်က ကြုံတွေ့ခဲ့ရတဲ့ ထရော်မာတွေကြောင့် စိတ်ထင်ယောင်ထင်မှား ဖြစ်တာလား ဒါမှမဟုတ် အိမ်ကြီးက တကယ်ပဲခြောက်လှန့်နေတာလား။ သူ့အနေနဲ့ Lynn ဆိုတဲ့ ကောင်မလေးနဲ့ အဆင်ပြေသွားနိုင်ပါ့မလား၊ ရက် ၃၀ အကျယ်ချုပ်ကိုလည်း အေးအေးဆေးဆေး ပြီးမြောက်သွားနိုင်မလားဆိုတာကိုတော့ Delirium ဆိုတဲ့ ဒီဇာတ်ကားထဲမှာပဲ ရင်တလှပ်လှပ်နဲ့ ကြည့်ရှုလိုက်ကြပါနော်။ File size…1.42GB / 623MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 36m Genre ..... Horror, Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Elizabeth Khant
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 1.42GB | Download | |
| 720p | 623MB | Download | |
| 1080p | 1.42GB | Download | |
| 720p | 623MB | Download |