
~ IMDb - 7.6/10, RT - 89%, Meta - 66% ~ ၁၉၉၁ ခုနှစ်က ထွက်ရှိခဲ့တဲ့ Delicatessen ဆိုတဲ့ ရုပ်ရှင်ကားမှာ Clapet ဆိုတဲ့ သားသတ်သမားဟာ တိုက်တစ်လုံးပိုင်ဆိုင်ပြီး ငှားစားပါတယ်။ ခေတ်က post-apocalyptic လို့ပြောရမဲ့ ကမ္ဘာပျက်ကပ်အပြီးမှာ ပြင်သစ်နိုင်ငံကို အခြေတည်ထားပါတယ်။ Claptet ဟာ တစ်ချိန်လုံး တောက်တိုမည်ရခိုင်းလို့ရမဲ့သူ လိုနေပါတယ်။ အချိန်တိုင်းလိုနေရတာက စုတ်ပြတ်နေတဲ့ တိုက်ဟောင်းကြီးကို ပြင်ဖို့ရယ် လာလုပ်ခဲ့တဲ့ အလုပ်သမားတွေကို အပိုင်းပိုင်းခုတ်ထစ်ပြီး ရောင်းစားလိုက်လို့ပါပဲ။ ဒီအချိန်မှာ အလုပ်အရမ်းလိုချင်တဲ့ ဆပ်ကပ်ဟောင်းသမား Louison ဟာ အလုပ်ခေါ်စာတွေ့ပြီး ရောက်ချလာပါတယ်။ နှစ်လိုဖွယ်ကောင်းတဲ့ Louison ကို သားသတ်သမားရဲ့ သမီးဖြစ်သူက သဘောတော်ခွေ့သွားချိန်မှာတော့ ချစ်ရသူလေး ဟင်းတစ်ခွက်မဖြစ်ခင် အစွမ်းကုန် ကယ်တင်မယ့် Dark Comedy ဂန္တဝင်ကားကောင်းတစ်ခုပါပဲ ဇာတ်လမ်းဟာ Horror ဖြစ်ပေမဲ့ Dark Comedy ဖြစ်တဲ့အတွက် ဇာတ်ဝင်ခန်းတွေဟာ စိတ်ညစ်ညူးစရာတွေကို ဟာသနှောထားတာကိုတွေ့ရပါမယ်။ ရိုက်ကူးရေးပိုင်းကို ကြည့်မယ်ဆိုရင်လည်း စံနှုန်းတစ်ခုမှာရှိနေတာကို တွေ့ရပေမယ့် Delicatessen ဟာ လူတိုင်းအတွက်တော့ မဟုတ်ပါဘူး။ သာမန် Horror ကား၊ လူသတ်ကားလို ဝုန်းဝုန်းဒိုင်းဒိုင်းနဲ့ ပြီးသွားမှာမဟုတ်ပါဘူး။ ဒီကားက မသေခင် ကြည့်သွားသင့်တဲ့ ရုပ်ရှင်ပေါင်း ၁၀၀၁ စာရင်းမှာ ပါဝင်တာကြောင့် ရုပ်ရှင်သရဲတွေကြည့်ရှုသင့်တဲ့အကြောင်း လက်တို့လိုက်ပါရစေ။ (ဇာတ်ကားနဲ့အညွှန်းကို Mugiwara Ya မှ ပြန်ဆိုရေးသားထားပါတယ်) Size - 2.4GB, 1.23GB Quality - 1080p, 720p IMDb Rating - 7.6/10 Format - mp4 Duration - 1H 39Min Genre - Comedy, Crime Subtitle - Myanmar Subtitle (Hardsub) Translated by Mugiwara Ya Encoded by Y
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | Download | ||
| 1080p | Download | ||
| 720p | Download | ||
| 720p | Download |
ထုတ်လွှင့်သည့်နေ့
April 17, 1991
ကြာချိန်
1h 39m
အဆင့်သတ်မှတ်ချက်
7.3 / 10
Director
Jean-Pierre Jeunet, Marc Caro